1, 2, 3 ဟု အော်ကာ ဇွဲကပင်တောင်ပေါ်မှ ခုန်ချသော နိုင်ငံခြားသားမှာ ပြင်သစ်နိုင်ငံသားဖြစ်
ကရင်ပြည်နယ် ဘားအံမြို့နယ် ဇွဲကပင် တောင်ပေါ်မှ ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီခန့်က နိုင်ငံခြားသားတစ်ဦး ဇွဲကပင်တောင်၏ အမြင့်ဆုံးနေရာ ပေပေါင်း ၂၇၃ဝ ကျော် မြင့်သည့် ဓမ္မစေတီနေရာအနီး၊ အများသုံးအိမ်သာ ခေါင်မိုးပေါ်တက်၍ အရှိန်ဖြင့် 1, 2, 3 ဟု အော်ကာ ခုန်ချသဖြင့် သေဆုံးသွားခဲ့ ကြောင်း၊ ပြင်သစ်နိုင်ငံသားဟု ထင်မြင် ယူဆကြောင်း မျက်မြင်တွေ့ရှိခဲ့သောနိုင်ငံခြားသားနှစ်ဦးထံမှ သိရသည်။
သတင်းဆက်အရ ယင်းရုပ် အလောင်းကို တောင်ခြေသို့ သယ် ဆောင်ရန်အတွက် ပြင်ဆင်ဆောင်ရွက် အပြီး ည ၁ဝ နာရီ မိနစ်၃ဝ ခန့်မှစ၍ တောင်အောက်သို့ ခက်ခက်ခဲခဲ သယ်ဆောင်ခဲ့ရသည့်အတွက် ဖေဖော် ဝါရီ ၁၉ ရက်က နံနက် ဝဝ နာရီ မိနစ် ၅ဝ ခန့်က ဇွဲကပင်တောင်ခြေ (တော်ပုံ ဘက်ခြမ်း)တွင်ရှိသော လုမ္ဗိနီဥယျာဉ် သို့ ရောက်ရှိခဲ့ပြီး ရဲဆေးစာဖြင့် အလောင်းကို မာဃလူမှုကူညီရေး အသင်းမှ လူနာတင်ယာဉ်ဖြင့် ဘားအံ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ သည်။
ရုပ်အလောင်းကို အသေးစိတ် စစ်ဆေးခဲ့ရာ ID ကတ်တစ်ခုနှင့် ၁၇-၂-၁၇ ရက်စွဲပါ အင်ပါယာယာဉ်လိုင်း ၏ ကားလက်မှတ်နှစ်ခု ရှာဖွေတွေ့ရှိခဲ့ ကြောင်း၊ ID ကတ်ပါဓာတ်ပုံနှင့် သေဆုံး သူမျက်နှာ တူညီမှုရှိပြီး ID ကတ်အရ ပြင်သစ်နိုင်ငံသားဖြစ်၍ အမည်မှာNORMANDIN ဖြစ်ကြောင်း သိရ သည်။ ¤င်းသည် ၁၇-၂-၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲက ပဲခူးမှ အင်ပါယာမှန်လုံ ယာဉ်ဖြင့် လိုက်ပါလာ၍ ဘားအံထုံးအိုင် လမ်းမပေါ်ရှိ ရွှေဖားစည်ကားဂိတ်မှ ညနေ ၄ နာရီက ဆိုင်ကယ်ကယ်ရီဖြင့် ဇွဲကပင်ဆံတော်ရှင်စေတီသို့ သွား ရောက်ခဲ့ကြောင်း ထုံးအိုင်ရဲစခန်းမှူးနှင့် အဖွဲ့၏ စုံစမ်းမှုများအရ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁ နာရီခွဲတွင် ထုံးအိုင် နယ်မြေရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် ၁/၂ဝ၁၇ ဖြင့် ဖွင့်လှစ် ထားရှိပြီး သေဆုံးသူနှင့်ပါရှိလာသည့် ပတ်စပို့စာအုပ်၊ ပစ္စည်းအိတ်များအား ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းမှစတင် ၍ ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရ သည်။
ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ အဆိုပါ နိုင်ငံခြားသားသေဆုံးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာသံရုံး၊ သက် ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ကြည်လင်းက ပြောသည်။
ကရင်ပြည်နယ်၏ သမိုင်းဝင်ဇွဲကပင် ဆံတော်ရှင် တည်ထားကိုးကွယ်ရာ ဇွဲကပင်တောင်သည် မြန်မာနိုင်ငံ၌ ထင်ရှားကျော်ဇောပြီး ပြည်တွင်း ပြည်ပ ဘုရားဖူးဧည့်သည်များ၊ နိုင်ငံခြားခရီး သွားလေ့လာသူများ စိတ်ဝင်စားသည့် နေရာဖြစ်သကဲ့သို့ ဇွဲကပင်ကေဘယ်လ် စီမံကိန်း စတင်ဆောင်ရွက်ခြင်းကြောင့် လည်း ပြည်တွင်းပြည်ပဘုရားဖူးများနှင့် နိုင်ငံခြား ခရီးသွားဧည့်သည်များဖြင့် စဉ်ဆက်မပြတ် စည်ကားလျက်ရှိသည်။ ယခုဖြစ်ပွားသည့်နေရာ၌ ယခင်က လည်း ဖြစ်ပွားခဲ့ဖူးကြောင်း ဒေသခံများ ထံမှ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲအုပ်ညီညီ မိုးက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း ထုံးအိုင်နယ်မြေရဲစခန်း မှ သိရသည်။
No comments: