သဘာဝအတုိင္းျဖစ္ေပၚေနတဲ႔ သက္တံေရာင္စုံ ယူကလစ္ပင္ ...!
ဖိလစ္ပုိင္ႏုိင္ငံရဲ႕ စိမ္းလန္းတဲ႔သစ္ေတာဧရိယာ အတြင္းက်က်ထဲကုိ ဝင္ေရာက္သြားမယ္ဆုိရင္ တစ္သက္နဲ႔တစ္ကုိယ္ တစ္ခါမွ မေတြ႕မျမင္ဖူးႏုိင္တဲ႔ အပင္တစ္ပင္ကုိ အံၾသစဖြယ္ ေတြ႕ျမင္ႏုိင္ပါတယ္။ ဒီသစ္ပင္ကေတာ့ အေရာင္စုံထြက္ေနတဲ႔ သက္တံေရာင္စုံ ယူကလစ္ပင္ႀကီးတစ္ပင္ပဲ ျဖစ္ပါတယ္။
ဒီလုိ အေရာင္စုံျဖစ္ေပၚေနရျခင္းဟာ ယူကလစ္ပင္ရဲ႕သစ္ေခါက္က အေရခြံလဲတဲ႔အခ်ိန္မွာ အေရာင္တစ္မ်ိဳးခ်င္းစီ ေျပာင္းလဲသြားတာေၾကာင့္ ျဖစ္ပါတယ္။ ပထမဆုံးအေနနဲ႔ ယူကလစ္ပင္ အေရခြံလဲတဲ႔အခ်ိန္မွာ အပင္ရဲ႕ေအာက္ေျခအေရာင္က အစိမ္းေတာက္ေတာက္အေရာင္ကုိ အရင္ဆုံးေျပာင္းလဲသြားတာျဖစ္ပါတယ္။ ဒီလုိပုံစံမ်ိဳးနဲ႔ ႏွစ္စဥ္ႏွစ္တုိင္း အေရာင္စုံေျပာင္းလဲသြားရာကေန ေနာက္ဆုံးမွာေတာ့ စိတ္ကူးယဥ္ဆန္တဲ႔ အေရာင္စုံကာလာစုံ ယူကလစ္ပင္ႀကီးတစ္ပင္ဘဝကုိ ေရာက္ရွိသြားခဲ႔ရတာပဲျဖစ္ပါတယ္။
သိပၸံအမည္ Eucalyptus Deglupta လုိ႔ေပးထားတဲ႔ အေရာင္စုံယူကလစ္ပင္ေတြဟာ ဖိလစ္ပုိင္ႏုိင္ငံ မင္ဒါနာအုိေဒသမွာ စတင္ေပါက္ေရာက္ၾကတာျဖစ္ေပမယ့္ နယူးဂီနီ ၊ နယူးၿဗိတိန္နဲ႔ ဆူလာဝီဆီတုိ႔မွာ ျမင္ေတြ႕ႏုိင္ပါတယ္။ ဒီသစ္ပင္ႀကီးေတြဟာ ေပေပါင္းႏွစ္ရာ့ေျခာက္ဆယ္ေလာက္ ျမင့္မားႏုိင္ၿပီး အခ်င္းဝက္အားျဖင့္ ေျခာက္ေပပတ္လည္ေလာက္ရွိပါတယ္။ မုိးသစ္ေတာမ်ားမွာ ေပါက္ေရာက္ေလ့ရွိတဲ႔ ေရာင္စုံယူကလစ္ပင္ေတြက အပူပုိင္းေဒသမွာ ေပါက္ေရာက္တဲ႔အပင္ေတြထက္ ပုိမုိျမင့္မားၾကသလုိ အေရာင္ပုိင္းမွာလည္း ပုိမုိေတာက္ပေလ့ရွိပါတယ္ခင္ဗ်ာ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin
#Unicode Version
ဖိလစ်ပိုင်နိုင်ငံရဲ့ စိမ်းလန်းတဲ့သစ်တောဧရိယာ အတွင်းကျကျထဲကို ဝင်ရောက်သွားမယ်ဆိုရင် တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မတွေ့မမြင်ဖူးနိုင်တဲ့ အပင်တစ်ပင်ကို အံသြစဖွယ် တွေ့မြင်နိုင်ပါတယ်။ ဒီသစ်ပင်ကတော့ အရောင်စုံထွက်နေတဲ့ သက်တံရောင်စုံ ယူကလစ်ပင်ကြီးတစ်ပင်ပဲ ဖြစ်ပါတယ်။
ဒီလို အရောင်စုံဖြစ်ပေါ်နေရခြင်းဟာ ယူကလစ်ပင်ရဲ့သစ်ခေါက်က အရေခွံလဲတဲ့အချိန်မှာ အရောင်တစ်မျိုးချင်းစီ ပြောင်းလဲသွားတာကြောင့် ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ယူကလစ်ပင် အရေခွံလဲတဲ့အချိန်မှာ အပင်ရဲ့အောက်ခြေအရောင်က အစိမ်းတောက်တောက်အရောင်ကို အရင်ဆုံးပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒီလိုပုံစံမျိုးနဲ့ နှစ်စဉ်နှစ်တိုင်း အရောင်စုံပြောင်းလဲသွားရာကနေ နောက်ဆုံးမှာတော့ စိတ်ကူးယဉ်ဆန်တဲ့ အရောင်စုံကာလာစုံ ယူကလစ်ပင်ကြီးတစ်ပင်ဘဝကို ရောက်ရှိသွားခဲ့ရတာပဲဖြစ်ပါတယ်။
သိပ္ပံအမည် Eucalyptus Deglupta လို့ပေးထားတဲ့ အရောင်စုံယူကလစ်ပင်တွေဟာ ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုဒေသမှာ စတင်ပေါက်ရောက်ကြတာဖြစ်ပေမယ့် နယူးဂီနီ ၊ နယူးဗြိတိန်နဲ့ ဆူလာဝီဆီတို့မှာ မြင်တွေ့နိုင်ပါတယ်။ ဒီသစ်ပင်ကြီးတွေဟာ ပေပေါင်းနှစ်ရာ့ခြောက်ဆယ်လောက် မြင့်မားနိုင်ပြီး အချင်းဝက်အားဖြင့် ခြောက်ပေပတ်လည်လောက်ရှိပါတယ်။ မိုးသစ်တောများမှာ ပေါက်ရောက်လေ့ရှိတဲ့ ရောင်စုံယူကလစ်ပင်တွေက အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့အပင်တွေထက် ပိုမိုမြင့်မားကြသလို အရောင်ပိုင်းမှာလည်း ပိုမိုတောက်ပလေ့ရှိပါတယ်ခင်ဗျာ။
ဖိုးသူတော် (www.phothutaw.com)
No comments: