Header Ads

Breaking News
recent

မောင်တောမြို့နယ်စပ် အ၀င်အထွက် ဂိတ်ပြန်ဖွင့်ခဲ့ပေမယ့် တစ်ဖက်နိုင်ငံက လက်မခံသေး


ရခိုင်ပြည်နယ်မောင်တောမြို့ နယ်စပ်အ၀င်အထွက်ဂိတ်ကို အခုလ (၁၂)ရက်က ပြန်ဖွင့်ခဲ့ပေမယ့် တစ်ဖက်နိုင်ငံက လက်မခံသေးတာကြောင့် နယ်စပ်ဖြတ်ကျော်သွားလာခွင့်မရသေးဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံဘက်က ပြန်လည်ဖွင့်လှစ်လိုက်ပြီဆိုတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတရားဝင်စာပို့ထားပေမယ့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကအဆင်သင့်မဖြစ်သေးတာကြောင့် ပြန်လည်အကြောင်းကြားခြင်းမရှိသေးဘူးလို့ မောင်တောနယ်စပ်ကုန်သွယ်ရေးမှ ဦးအောင်မြင့်သိန်းက ပြောပါတယ်။

မနေ့ကလည်း မြန်မာဘက်က ကုန်သည်တစ်ချို့ သွားရောက်ခဲ့ပေမယ့် ပြန်လှည့်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နယ်စပ်ကုန်သွယ်မှုကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၂၄)ရက်က ပြန်ခွင့်ပေးခဲ့ပေမယ့် သွင်းကုန်မရှိဘဲ ပို့ကုန်လုပ်ငန်းတွေသာ ပုံမှန်လည်ပတ်နေတယ်လို့ ဆိုပါတယ်။


မြန်မာဘက်ကနေ နတ်မြစ်အတွင်းမှာ နယ်စပ်ဖြတ်ကျော်သွားလာနိုင်တဲ့ ထွက်ပေါက် (၂၀)ကျော်ခန့်ရှိပြီး မောင်တောမြို့က ရွှေစားချောင်းမှာရှိတဲ့ နယ်စပ်အ၀င်အထွက်ဂိတ် တစ်ခုတည်းကိုသာ ၀င်ထွက်သွားလာခွင့် တရားဝင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ (၂၀၁၆)ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့တာကြောင့် နယ်စပ်အ၀င်အထွက်ဂိတ်တွေ၊ ကုန်သွယ်ရေးဂိတ်တွေကို ယာယီပိတ်ထားခဲ့တာဖြစ်ပါတယ်။

သတင်းထောက်-မြတ်ဝေ(စစ်တွေ)
5 Plus News
https://www.facebook.com/5plusnews/

No comments:

Powered by Blogger.