ငွေစုငွေချေးလုပ်ငန်းမှ ဝန်ထမ်းတစ်ဦး လုယက်ခံရ
ပုသိမ်မြို့ အမှတ် ၁ နယ်မြေ အကောက်ဆိပ်လမ်းမကြီးနှင့် ငဝန်ကျွန်သာ ၆ လမ်းထိပ်၌ ဖေဖော်ဝါရီ ၁၃ ရက် ည ၆ နာရီခန့်က အမှတ် ၂ နယ်မြေရွှေစည်းခုံရပ်၌ ရှိသော စူလတန်ငွေစုငွေချေးလုပ်ငန်းမှ ဝန်ထမ်းဖြစ်သူ မယမင်းနွယ် ၂၇ နှစ် အဘ ဦးမြသိန်း ရွှေမြင်တင်ကျေးရွာနေသူသည် ညနေ ၆ နာရီခန့်က နေအိမ်သို့ ဆိုင်ကယ်ဖြင့် ရွှေစည်းခုံလမ်းအတိုင်း ပြန်လာခဲ့ရာ အမှတ် ၁ နယ်မြေအကောက်ဆိပ်လမ်းနှင့် ငဝန်ကျွန်းသာ ၆ လမ်းထိပ်သို့ ရောက်ရှိစဉ် သူမ၏ နောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လူငယ် သုံးဦးလိုက်ပါလာပြီး မယမင်းနွယ်၏ ပုခုံးအထက်၌ ချိတ်ဆွဲထားသော ပိုက်ဆံအိတ်ကို လုယူ၍ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးရာ မယမင်းနွယ်က ပတ်ဝန်းကျင်သို့ အော်ဟစ်၍ အကူအညီတောင်းမှုကြောင့် ရပ်ကွက်ပြည်သူများ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရမိကြောင်း သိရသည်။
ယင်းအမှုနှင့်ပတ်သက်၍ ပုသိမ်မြို့မရဲစခန်းမှ ဒုရဲအုပ်စိုးမောင်မောင်က စစ်ဆေးရာ ပြစ်မှုကျူးလွန်သူများမှာ ၁။ အောင်စိုးသူ၊ ၂။ အောင်ခန့်ဇော်(ခေါ်)စောကြည် အသက် ၁၉ နှစ် အဘဦးချိုပြုံး။ ၃။ သက်မောင် (ခေါ်) နို့ဆီ အသက် ၂၈ နှစ် အဘ ဦးမြင့်စိန် တို့ဖြစ်ကြောင်း သိရသဖြင့် ၄င်းတို့ သုံးဦးအား ။ပ။ ၅၈ ၂ဝ၁၇ ပြစ်မှုပုဒ်မ ၃၉၇ နှိုက်ဖြင့် စစ်ဆေးအရေးယူထားရှိကြောင်း သိရသည်။
ပုသိမ်-လှကြည်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
No comments: