Header Ads

Breaking News
recent

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အဆင့်ကျပြီး အာဆီယံအဆင့် ၇ တွင် ရပ်တည်



မတ်လအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွေကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ရာမှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက အရင်လကထက် ၁၃ ဆင့် ကျဆင်းသွားပြီး အာဆီယံအဆင့် ၇ မှာ ရပ်တည်ခဲ့ပါတယ်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ကမ္ဘာ့အဆင့် ၁၇၂ မှာ ရပ်တည်နေပြီး အာရှအဆင့် ၃၅ မှာ ရှိနေပါတယ်။
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအနေနဲ့ အာဆီယံဆူဇူကီးဖလားမှာ အကြိုဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ပေမယ့် အဲဒီပြိုင်ပွဲအပြီး နိုင်ငံတကာခြေစမ်းပွဲတွေ မကစားခဲ့တာကြောင့် အခုလို အဆင့်ကျဆင်းခဲ့တာပါ။
အာဆီယံနိုင်ငံတွေထဲမှာ ဖိလစ်ပိုင်အသင်းက ကမ္ဘာ့အဆင့် ၁၂၄ နဲ့ အာဆီယံအဆင့် ၁ အဖြစ် ရပ်တည်နေပြီး ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားတို့က အစဉ်လိုက် ရပ်တည်ခဲ့ပါတယ်။
မြန်မာအသင်းရဲ့ နောက်မှာတော့ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းနဲ့ အရှေ့တီမောအသင်းတို့ ရပ်တည်ခဲ့ပါတယ်။
ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အာဂျင်တီးနားက အဆင့် ၁ အဖြစ် ဆက်လက်ရပ်တည်ခဲ့ပြီး ဘရာဇီး၊ ဂျာမနီ၊ ချီလီ၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်တို့က အစဉ်လိုက်ရပ်တည်ခဲ့ကာ နာမည်ကြီး အင်္ဂလန်ကတော့ အဆင့် ၁၄ မှာ ရပ်တည်ခဲ့ပါတယ်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ အာရှဖလားခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် လာမယ့် မတ်လ ၂၂ ရက်မှာ အာဖရိကအသင်းတသင်းဖြစ်တဲ့ ကမ္ဘာ့အဆင့် ၁၁၀ ရှိ အီကွေတိုရီယယ်ဂီနီ အသင်းနဲ့ ရန်ကုန်မြို့မှာ ခြေစမ်းကစားဖို့ စီစဉ်ထားပါတယ်။

No comments:

Powered by Blogger.