Header Ads

Breaking News
recent

မြန်မာ့ကော်ဖီတန်ချိန် ၁၅၀ ခန့် အမေရိကဈေးကွက် တင်ပို့မည်



လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ မြန်မာ့ကော်ဖီ တန်ချိန် ၁၅၀ လောက်ကို အမေရိကဈေးကွက်ကို တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံ ကော်ဖီအသင်းက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က မြန်မာ့ကော်ဖီ တန်ချိန် ၁၂ တန်ခန့်ကို အမေရိကား ဈေးကွက်ကို စမ်းသပ်တင်ပို့မှု ပြုလုပ်ခဲ့တာ အောင်မြင်မှု ရရှိခဲ့တဲ့အတွက် ဒီနှစ်မှာ တိုးချဲ့ တင်ပို့ဖို့ စီစဉ်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ကော်ဖီအသင်း၊ ရွာငံမြို့နယ် ကော်ဖီအစုအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်နု က ပြောပါတယ်။
လက်ရှိ မြန်မာ့ကော်ဖီ တတန်ကို အမေရိကန်ဒေါ်လာ ၃၈၀၀ ကနေ ၄၀၀၀ ခန့်နဲ့ အမေရိကန်၊ ကိုရီးယား၊ ဂျပန်နဲ့ ထိုင်ဝမ် နိုင်ငံတွေကို တင်ပို့နေတာပါ။
မြန်မာနိုင်ငံမှာ တစ်နှစ်ကို ကော်ဖီ တန်ချိန် ၇၀၀၀ ၀န်းကျင်ခန့် ထွက်ရှိပြီး ၅၀ ရာခိုင်နှုန်းလောက်ကို ပြည်ပကို တင်ပို့နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းက ပြောပါတယ်

No comments:

Powered by Blogger.