Header Ads

Breaking News
recent

နယူးဒေလီတွင် ရေပန်းစားနေသည့် မီးတောက်ကွမ်းယာ




အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ကွမ်းယာဆိုင်တွေမှာ မီးတောက်ကွမ်းယာကို ဝယ်စားဖို့ လူတွေအုံနေကြပြီး လူငယ်တွေကြား ရေပန်းစားနေတယ်လို့ ဆိုပါတယ်။
ရုပ်သံထဲမှာလည်း ဆိုင်ရှင်တွေက မီးတောက်ပါတဲ့ ကွမ်းယာတွေကို ဝယ်စားသူ အမျိုးသမီးငယ်လေးတွေ အပါအဝင် တခြားဝယ်စားသူတွေရဲ့ ပါးစပ်ထဲ ထည့်ပေးနေတာပါ။
ဆိုင်ရှင်တွေက အုန်းသီးဖတ်တွေ အပါအဝင် ကွမ်းရွက်တရွက်က်ထဲကို ပါဝင်မယ့် အမယ်စုံထည့်၊ အဲ့ဒီနောက် မီးရှို့လိုက်ပြီး သကြားရည်ကို အဆုံးသတ်အနေနဲ့ ကွမ်းယာပေါ်က ဆမ်းလိုက်ကာ နောက်ဆုံးမှာ စားသုံးသူတွေရဲ့ ပါးစပ်တွေထဲ ကိုယ်တိုင်ကိုယ်ကျ ထည့်ပေးနေတာကို ရုပ်သံထဲမှာ မြင်ရမှာပါ။
ဒီသားရေစာကို မီးကွမ်းယာလို့ ခေါ်ပါတယ်။ မီးကွမ်းယာထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေက မီးတောက်စေတဲ့ စမုန်နက်စေ့၊ ဖာလာရွက်၊ ကြိတ်ထားတဲ့ အုန်းသီးဖတ်၊ ပိုမိုကောင်းမွန်အောင် သကြားရည် စတာတွေ ဖြစ်တယ်လို့ သိရပါတယ်။
အရှေ့တောင်အာရှမှာ ကွမ်းယာတွေကို ရောင်းဝယ်ဖောက်ကားလာတာ နှစ်ပေါင်း ရာနဲ့ချီနေပါပြီ။ ဒါပေမယ့် မီးကွမ်းယာကတော့ အရသာအသစ်တခုပါ။ ဒီသားရေစာအသစ်က အထူးသဖြင့် လူငယ်တွေကြားမှာ ရေပန်းစားနေတယ်လို့လည်း သိရပါတယ်။

No comments:

Powered by Blogger.