Header Ads

Breaking News
recent

ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီရွှေနန်းတော်



ပဲခူးမြို့မှာ တည်ရှိတဲ့  မြန်မာ့ရှေးဟောင်း သမိုင်းယဉ်ကျေးမှု အမွေအနှစ် ဘုရင့်နောင်မင်းတရားကြီးရဲ့ ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီးဟာ မြေကြီးအောက်မှာ နစ်မြုပ်နေတဲ့ မူလလက်ဟောင်း နန်းတော်နေရာကို ပြန်လည်တူးဖော်ပြီး ပုံစံတူ ပြန်လည်တည်ဆောက်ထားတာဖြစ်ပါတယ်။
အသစ်ပြန်ဆောက်ထားတဲ့ နန်းတော်ကြီးမှာ  မှန်စီရွှေချထားတဲ့ ရွှေရောင်တိုင်လုံးကြီးတွေနဲ့  မြေအောက်က ပြန်လည်တူးဖော်ထားတဲ့ ကျွန်းသစ်တိုင်လုံးကြီးတွေကို အတူယှဉ်တွဲပြီး မြင်တွေ့ရမှာဖြစ်သလို ရွှေပလ္လင်တော်ကြီးနဲ့  ကျောက်သံပတ္တမြားစီခြယ်ထားတဲ့ ဘုရင့်ရွှေရထားတော် အပါအဝင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို လေ့လာနိုင်ပါတယ်။  
ဘုရင့်နောင်မင်းတရားကြီးဟာ ကမ္ဘောဇသာဒီနန်းတော်ကြီးကို အေဒီ ၁၅၅၃ မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး မင်းတရားကြီး နတ်ရွာစံပြီးနောက် အေဒီ ၁၅၉၉ မှာ မီးရှို့ ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြည်တွင်း ပြည်ပက ခရီးသွားတွေ စိတ်ဝင်စား အလာများတဲ့နေရာတခုဖြစ်နေပြီး အထူးသဖြင့် သမိုင်းချင်း ဆက်နွှယ်နေတဲ့  မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက ခရီးသွားတွေကို အဓိက ဆွဲဆောင်နေတဲ့ လည်ပတ်လေ့လာစရာ နေရာတခု ဖြစ်လို့နေပါတယ်။

No comments:

Powered by Blogger.