Header Ads

Breaking News
recent

လိင်ပြောင်းအမျိုးသမီးအား ရိုက်နှက်သတ်ဖြတ်သည့်ရုပ်သံ ဘရာဇီးတွင် ဝေဖန်ပြစ်တင်မှု မြင့်တက်



ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းမှာ လိင်ပြောင်းလဲခွဲစိတ်ပြီး အမျိုးသမီးအဖြစ် ခံယူထားသူတဦး ရက်ရက်စက်စက် အသတ်ခံရလို့ ရဲတွေက စုံစမ်းစစ်ဆေးနေပြီး မိသားစုဝင်တွေကိုလည်း လူတွေ့ စစ်မေးခဲ့ပါတယ်။
အင်တာနက်ပေါ်မှာ ပြန့်နေတဲ့ ရုပ်သံတွေထဲမှာတော့ တိုက်ခိုက်သူတွေက အသက် ၄၇ နှစ်အရွယ် ဒန်ဒရာ ဒေါ့စ် စန်တို့စ်ကို သစ်သားလှော်တက်နဲ့ ရိုက်နေပြီး စန်တို့စ်က အသက်ချမ်းသာပေးဖို့ တောင်းဆိုနေပါတယ်။
အဲဒီနောက် သူ့အလောင်းကို ဘီးတပ်တွန်းလှည်းနဲ့ သယ်ထုတ်သွားပါတယ်။ ရုပ်သံဖိုင်ထဲမှာ တိုက်ခိုက်သူတွေ ရီမောနေပုံတွေကိုလည်း တွေ့ရပါတယ်။
ဒီသတ်ဖြတ်မှုက စေးရာပြည်နယ်မှာ အရင်လက ဖြစ်ခဲ့တာပါ။ ရုပ်သံထဲမှာ မိန်းမလျာတွေ ပေါ်တူဂီစကားနဲ့ ဂုဏ်ပုဒ်တပ် ပြောနေတာကိုလည်း ကြားရပါတယ်။
ဒီလူသေမှုကြောင့် ဘရာဇီးနိုင်ငံအတွင်း စကားရည်လုပွဲတွေနဲ့ ဝေဖန်ပြစ်တင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ခဲ့ပါတယ်။
စန်တို့စ်ရဲ့ မိခင်ဖြစ်သူကတော့ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ ဘုရားသခင်ကိုပဲ မေးနေမိတယ်လို့ ဘရာဇီးမီဒီယာကို ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကာ ရုပ်သံထဲမှာပါတဲ့ သံသယရှိသူ ၆ ဦးကို ရှာဖွေနေဆဲလို့ ရဲတပ်ဖွဲ့ဝင် ဘရူနို ရွန်ချီက ပြောပါတယ်။
ဘရာဇီးနိုင်ငံမှာ လိင်ခွဲစိတ် ပြုပြင်ထားသူတွေကို တိုက်ခိုက်မှု တိုးလာနေပြီး အရင်လကလည်း အနည်းဆုံး ၅ ဦး အသတ်ခံရတယ်လို့ ဘရာဇီး လိင်ခွဲစိတ် ပြောင်းလဲသူများ ကွန်ရက်က ပြောပါတယ်။
ဘရာဇီးဟာ မိန်းမလျာ၊ ယောက်ျားလျာ လိင်ခွဲစိတ် ပြောင်းလဲထားသူတွေနဲ့ ကျားမ ၂ မျိုးလုံးကို တပ်မက်သူတွေအပေါ် မုန်းတီးကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကမ္ဘာပေါ်မှာ အမြင့်ဆုံးနိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ပါတယ်။

No comments:

Powered by Blogger.