အနာဂတ်တွင် ကုန်းနှင့်လေ မောင်းနှင်ပျံသန်းနိုင်မည့် သီးသန့်ယာဉ် (ရုပ်သံ)
လမ်းပေါ် ယာဉ်ကြောပိတ်ဆို့မှု၊ လေထုညစ်ညမ်းမှုနဲ့ ဆက်တိုက်ဖြစ်နေတဲ့ မြို့နေလူဦးရေ ချဲ့ထွင်လာမှုက သယ်ယူပို့ဆောင်ဆောင်ရေး စနစ်သစ်တွေကို စိတ်ကူးယဉ်စေတဲ့ အသစ်တီထွင် ထုတ်လုပ်မယ့်သူတွေကို တွန်းအားဖြစ်စေပါတယ်။
ဒီလို သယ်ယူပို့ဆောင်ရေးစနစ်သစ်တွေက အနာဂတ် ကမ္ဘာ့မြို့တော်ကြီးတွေကို ပုံဖော်နိုင်မယ်လို့လည်း ဆိုပါတယ်။
ဥရောပမှ လေယာဉ်ထုတ်လုပ်တဲ့ အဲဘက်စ် (Airbus) နဲ့ ကားပုံစံထုတ်လုပ်တဲ့ အိုင်တယ်လ်ဒီဇိုင်း (Italdesign) ကုမ္ပဏီ ၂ ခု ပူးပေါင်းပြီး မြို့တွင်းမှာသွားလာဖို့ အမြင်သစ်တခု ပေါ်ထွက်လာတာပါ။
မတ်လ ၇ ရက်နေ့က ဂျနီဗာမှာကျင်းပတဲ့ ကားပြပွဲမှာ ပေါ့ပ်အပ်ပ် (Pop-Up) လို့ခေါ်တဲ့ ဒီစိတ်ကူးအသစ်အဆန်းကို တင်ပြခဲ့ကြတာလို့ သိရပါတယ်။
ဒီစိတ်ကူးအသစ်က ရိုးရှင်းလှတဲ့ အမြင်သဘောထားတခုပါ။ ခရီးသွားမယ့်သူက ကိုယ်တိုင်ထိန်းချုပ်နိုင်မယ့် ကားထဲမှာ ထိုင်လိုက်တာနဲ့ ဒီကားက သူ့အလိုအလျောက် ခရီးသည်သွားလိုတဲ့နေရာကို စီးတဲ့ယာဉ်ပြောင်းစရာမလိုဘဲ ကုန်းလမ်းနဲ့ လေကြောင်းလမ်း ၂ ခုစလုံးနဲ့ သယ်ဆောင်သွားမှာပါလို့ ဆိုပါတယ်။
ခရီးသည်တဦးစာ ဆေးတောင့်တစ်တောင့်လို ပုံဖော်ထားတဲ့ ဒီယာဉ်ကို မတူတဲ့ အမှီအခိုကင်းတဲ့ လျှပ်စစ်မောင်းနှင်အစိတ်အပိုင်းတွေ (Modules) တွေနဲ့ ၂ မျိုးသုံးလို့ရအောင် ဒီဇိုင်းထွင်ထားတယ်လို့ ဆိုပါတယ်။
မြေပြင်မောင်းနှင်အစိတ်အပိုင်း (Module) ကို ရိုးရိုးလေး ဆက်သွယ်လိုက်ခြင်းဖြင့် ဒီယာဉ်က သူ့အလိုလို မြို့ပေါ်မှာ မောင်းနှင်တဲ့ကားအဖြစ် ပြောင်းလဲသွားမှာပါ။
ယာဉ်ကြောပိတ်ဆို့မှုမြင့်တဲ့ ခရီးအတွက် ခရီးသည်တွေက စမတ်ဖုန်းကတဆင့် ဒရုန်းယာဉ်တွေကို ခေါ်ဆိုနိုင်မှာလို့ ဆိုပါတယ်။
အနာဂတ်ရဲ့ ဦးနှောက်လိုစွမ်းအင်ရှိတဲ့ ခြေနင်းခုံအတုတခုကို အသုံးပြုတဲ့သူတွေ သုံးခြင်းဖြင့် မြေပြင်မောင်းနှင်အစိတ်အပိုင်းက ဒီဆေးတောင့်ပုံစံယာဉ်ကို ခွဲထွက်သွားစေမယ်၊ အဲ့ဒီနောက် ဒီယာဉ်ကို လေကြောင်းမောင်းနှင် အစိတ်အပိုင်းနဲ့ ကောင်းကင်အမြင့်ကို သယ်ဆောင်သွားမှာလို့ ဆိုပါတယ်။
“ပေါ့ပ်အပ်ပ်က ရွေ့လျားသွားလာဖို့ အယူအဆ သဘောထားအမြင် အသစ်တခုပါ” လို့ အဲဘတ်စ်ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ မက်သီးရက်စ်သော်မဆင်က ပြောပါတယ်။
“ဒါက မြေပြင်နဲ့ လေကြောင်းကို ပေါင်းစပ်ပေးမယ့်၊ ၂ ခု ဆောင်ရွက်နိုင်မယ့် မော်ဒယ်ပါ။ ဒါကိုသုံးတာက ခရီးသည်တွေ ခရီးအေမှ ဘီကို ရောက်ဖို့ တစ်ခုတည်းနဲ့ ပိုမိုမြန်ဆန်မယ့် နည်းလမ်းပါ။ အနာဂတ် စမတ်မြို့တော်အတွက် အမြင်သစ်ဖြစ်တဲ့ နည်းပညာအသစ် တိုးတက်ဖို့ စွမ်းအားကြီးတဲ့အပိုင်း ၂ ခုဖြစ်တဲ့ လေကြောင်းအပိုင်းနဲ့ ကုန်းလမ်းယာဉ်အပိုင်းတွေ ပူးပေါင်းလုပ်ဆောင်မှုပါ” လို့လည်း မစ္စတာသော်မဆင်က ဆက်ပြောပါတယ်။
ဒီနည်းပညာအသစ်က လျှပ်စစ်ကိုသုံးပြီး အလိုအလျောက် ပျံသန်းနိုင်မှာဖြစ်သလို မြို့တော်ရဲ့ လမ်းမတွေပေါ်မှာ သွားလာနိုင်မှာပါ။ ဒါမှမဟုတ် ရထားလို သယ်ယူပို့ဆောင်ရေးတွေနဲ့တောင် ချိတ်ဆက်နိုင်မှာပါလို့ သိရပါတယ်။
ဒီပေါ့ပ်အပ်ပ်ယာဉ်ကို သက်သောင့်သက်သာ ထိုင်ခုံအသေး ၂ ခုပါတဲ့ မြေပြင်ပေါ် မောင်းနှင်ယာဉ်နဲ့ လွတ်လပ်ပြီး အလျင်အမြန် ထောင်လိုက် မြေပြင်ပေါ်မှ ထွက်ခွာဆင်းသက်လုပ်နိုင်တဲ့ လေကြောင်းယာဉ်ကို ပေါင်းစပ်ထားတာလို့ ဆိုပါတယ်။
No comments: