Header Ads

Breaking News
recent

လောက်ကိုင်မြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်



တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ​လောက်​ကိုင်​မြို့မှာ ည​နေ ၅ နာရီကစတင်​လို့ ညမထွက်​ရအမိန့်​ ထုတ်​ပြန်​ထားပါတယ်​။
ပစ်ခတ်မှုတွေဖြစ်ပြီးနောက် ​လောက်​ကိုင်​မြို့က ပြည်​သူလူထု​တွေဟာ မ​နေ့ မနက်​ပိုင်းကစပြီး ဒီ​နေ့ည​နေပိုင်းထိ တိမ်း​ရှောင်​​ ထွက်ပြေးနေကြတာ​ကြောင့် ​လမ်းမကြီးတိုင်းမှာ လူသူကင်းမဲ့သွားပြီး မြို့ဟာ လုံးဝဆိုသလို​ ခြောက်​ကပ်​သွားပါတယ်​။
ဒီက​နေ့ တိုက်​ပွဲအ​နေနဲ့က​တော့ မြန်​မာ-တရုတ်​နယ်​စပ်​ဂိတ်​ ရန်​လုံးကျိုင်းဂိတ်​နဲ့ အမှတ်​ ၁၂၅ နယ်​ခြား မှတ်​တိုင်​ကြားမှာ တိုက်​ပွဲဖြစ်​​နေတယ်​လို့ သိရပါတယ်​။


လက်​ရှိမှာ ရန်​လုံကျိုင်း-​လောက်​ကိုင်​လမ်းကို ပိတ်​ထားတာ​ကြောင့် ရန်​လုံကျိုင်းမှာရှိတဲ့ ပြည်​သူ​တွေ ဟာ ​လောက်​ကိုင်​မြို့ဘက်​ကိုထွက်​လာဖို့ ပိတ်​မိ​နေကြပါတယ်​။

No comments:

Powered by Blogger.