Header Ads

Breaking News
recent

စစ်ဘေးရှောင်မြန်မာလုပ်သားများ နေရပ်ပြန်နိုင်ရန် လောက်ကိုင်ခရိုင်ကြက်ခြေနီအသင်း ကူညီ



ကိုးကန့်ဒေသက စစ်ပွဲတွေကြောင့် လောက်ကိုင်မြို့ကိုရောက်ရှိနေတဲ့ စစ်ဘေးရှောင် မြန်မာလုပ်သားတွေ နေရပ်ပြန်နိုင်ဖို့အတွက် လောက်ကိုင်ခရိုင်ကြက်ခြေနီအသင်းက ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပြီး ကူညီဆောင်ရွက်ပေးနေပါတယ်။
ကယ်ဆယ်ရေးစခန်းကို လောက်ကိုင်ဆေးရုံဝန်း မှာဖွင့်လှစ်ပြီး စခန်းကိုရောက်ရှိလာတဲ့ သူတွေကို နေရပ်ပြန်နိုင်ဖို့အတွက် ချင်းရွှေဟော်မြို့ကို ကူ ညီကယ်ဆယ်ကားတွေနဲ့လိုက်လံပို့ဆောင်ပေး တာဖြစ်ပါတယ်။ လက်ရှိလူဦးရေ ၂၀၀ကျော်ပို့ကူညီပို့ဆောင်ပေးပြီးဖြစ်တယ်လို့သိရပါတယ်။
လောက်ကိုင်မြို့က စစ်ရှောင်တွေကို မြန်မာ၊ ကိုးကန့်ပရဟိတအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေကလည်း ၀ိုင်းဝန်းကူညီပေးနေပါတယ်။ လက်ရှိချိန်ထိ ကိုးကန်ဒေသမှာ စစ်ရေးတင်းမာမှုတွေ ရှိဆဲဖြစ်ပါတယ်။

No comments:

Powered by Blogger.