Header Ads

Breaking News
recent

ချယ်လ်ဆီးနဲ့ ပေါင် ၅၇သန်းတန်စာချုပ်အတွက် ကော်စတာသဘောတူ ချယ်လ်ဆီးနဲ့ ပေါင် ၅၇သန်းတန်စာချုပ်အတွက် ကော်စတာသဘောတူ



ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ အနာဂါတ်ကို ချယ်လ်ဆီးမှာပဲ ဆက်ရှိစေနိုင်မယ့် ငါးနှစ်သက်တမ်းတိုး စာချုပ်သစ်တစ်ရပ်အတွက် သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၈နှစ်အရွယ် စပိန်လက်ရွေးစင်တိုက်စက်မှူးဟာ အပြောင်းအရွှေ့ကာလမှာ တရုတ်ကလပ်နဲ့ ချိတ်ဆက်မှုတွေပြုလုပ်ပြီး စတန်းဖို့ဒ်ဘရစ်ခ်ျကို စွန့်ခွာဖို့ ပြုလုပ်ခဲ့တာပါ။


ကော်စတာအတွက် ချယ်လ်ဆီးဟာ လစာ အမြောက်အများပေးချေခဲ့ရပြီး စာချုပ်သစ်အရ တစ်ပတ်ကို ပေါင် ၂၂၀,၀၀၀ အထိရရှိသွားမှာဖြစ်တာကြောင့် အသင်းဖော်ဖြစ်သူ ဖာဘရီဂတ်စ်ကို ကျော်တက်သွားပြီး လစာအများဆုံးဖြစ်လာကြောင်းလည်း သိရပါတယ်။

တရုတ်ကလပ်အနေနဲ့ ကော်စတာကို တစ်နှစ်ပေါင် သန်း၃၀အထိ ပေးချေပြီးခေါ်ယူဖို့ ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်စတာအသင်းနဲ့ ပွဲမှာ ကော်စတာကို နည်းပြဖြစ်သူ ကွန်တီက ချန်လှပ်ခဲ့တာကြောင့် ချယ်လ်ဆီးနဲ့ ကွဲကွာဖို့အတွက်လည်း သတင်းတွေ ပြေးခဲ့သေးတာပါ။

တိုက်စစ်မှူးဟာ ဒီရာသီမှာ ၁၅ဂိုးသွင်းယူထာပြီး အခွင့်အရေး ငါးကြိမ်ဖန်တီးပေးခဲ့တာကြောင့် ထိပ်ဆုံးနေရာမှာ ရပ်တည်လျက်ရှိနေပါတယ်။

No comments:

Powered by Blogger.