Header Ads

Breaking News
recent

စိတ်ဝိညာဉ်မြင့်မားလာရေး ဆင်နွှဲသည့် ဂျပန်ရိုးရာ အမျိုးသားများ အဝတ်ဗလာပွဲတော် (ရုပ်သံ)


ဂျပန်နိုင်ငံမှာ နှစ်စဉ်ကျင်းပနေမြဲ ရိုးရာပွဲတော်ဖြစ်တဲ့ ဂျပန်အမျိုးသားတွေရဲ့ အဝတ်ဗလာပွဲတော်အတွက် အမျိုးသား ထောင်ပေါင်းများစွာဟာ ခန္ဓာကိုယ်အပေါ်ပိုင်း အဝတ်အစားမပါဘဲ အောက်ပိုင်းမှာ သင်းပိုင်စလေးတွေသာ ဝတ်ဆင်ပြီး အိုကာရားမားမြို့ရှိ ဆိုင်ဒိုင်ဂျီကန်နွန်အင် ဘုန်းတော်ကြီးကျောင်းအတွင်းမှာ စုဝေးနေကြပါတယ်။
ပွဲတော်ကို ဟာဒါကာမတ်ဆူရီ ဂျပန်အမျိုးသားများ အဝတ်ဗလာပွဲတော်လို့ အမည်ပေးထားပြီး ပွဲတော်မှာ ပါဝင်ဆင်နွှဲတဲ့ အမျိုးသားတွေဟာ ပွဲတော်အတွင်း ပါဝင်ဆင်နွှဲခြင်းဖြင့် စိတ်ဝိညာဉ်တွေ မြင့်မားလာတယ်လို့ ခံစားရကြောင်း ဖေဖော်ဝါရီ ၁၉ ရက်နေ့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ပွဲတော်မှာပါဝင်တဲ့ ထောင်ပေါင်းများစွာသော အမျိုးသားတွေဟာ ဘာသာရေးနဲ့ဆက်စပ်တဲ့ အထွတ်အမြတ်ထားရာ တုတ်တံလေး ၂ ချောင်းကို ဘာသာရေးခေါင်းဆောင်က ပစ်လိုက်တဲ့အခါ ဖမ်းဖို့ စောင့်ဆိုင်းနေကြတာကို ရုပ်သံထဲမှာ မြင်ရမှာပါ။
တုတ်တံလေးကိုဖမ်းမိတဲ့ အမျိုးသားကတော့ ဂျပန်ဘာသာစကားနဲ့ ဖူကူအိုတိုကိုလို့ခေါ်တဲ့ ကံကောင်းတဲ့ အမျိုးသားအဖြစ် သတ်မှတ်ခံရတာပါ။
ရုပ်သံထဲမှာ တုတ်တံဖမ်းမိတဲ့ပွဲတော် ဝင်ရောက်ဆင်နွှဲသူ အမျိုးသားက “နိုင်ဖို့က ကျနော်ရဲ့အိပ်မက်လေ၊ အိမ်မက်တွေ ဖြစ်လာလို့ အရမ်းဝမ်းသာရပါတယ်” လို့ ပြောပါတယ်။

No comments:

Powered by Blogger.