၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဧရာဝတီတိုင်း ၄ မြို့နယ်တွင် စုပေါင်းကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်းက သဲဖို့ကျေးရွာအုပ်စုရှိ ချင်းကွင်းကျေးရွာမှာ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ်၊ ငပုတောမြို့နယ်တွေက ချင်းလူမျိုးတွေ စုပေါင်းပြီး အရှိုချင်းအမျိုးသားနေ့ကို ဒီနေ့ ကျင်းပပါတယ်။
၆၉ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ဂါမို့မြတ်သူ၊ မြန်အောင်မြို့နယ်နဲ့ တခြားမြို့နယ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ချင်းအမျိုးသားတွေရဲ့ ရိုးရာယဉ်ကျေးမူတွေ မပျောက်ပျက်အောင်၊ ချင်းစာပေ ဘာသာစကားတွေ မပျောက်ပျက်အောင်နဲ့ လွတ်လပ်ရေး ကြိုးပမ်းရာမှာ ချင်းတိုင်းရင်းသားတွေ ပါဝင်တာကို တိုင်းရင်သားတွေသိအောင် ခုလို ချင်းတိုင်းရင်သားတွေရှိတဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ ခုလို အလှည့်ကျ ကျင်းပတာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ချင်းတိုင်းရင်းသားကျေးရွာပေါင်း ၄၈ ရွာ ရှိပါတယ်။
No comments: