ခြေထောက်လေးချောင်းနဲ့ လိင်အင်္ဂါနှစ်ခုပါလာတဲ့ ကလေးငယ် ...!
ခြေထောက်လေးယောက်ချောင်းနဲ့ အမျိုးသားလိင်အင်္ဂါနှစ်ခု ပါဝင်လာခဲ့တဲ့ ထူးထူးခြားခြား ကလေးငယ်တစ်ဦး အိန္ဒိယနိုင်ငံအတွင်းမှာ ဖွားမြင်လာခဲ့တယ်လို့ သိရပါတယ်။
ဒီကလေးငယ်ကို ပြီးခဲ့တဲ့စနေနေ့မနက်အစောပိုင်းက မွေးဖွားခဲ့တာဖြစ်ပြီးအခက်အခဲတစ်စုံတစ်ရာမရှိပဲ
မွေးဖွားခဲ့တာဖြစ်တယ်လို့ ဆရာဝန်ကဆိုပါတယ်။ ကလေးငယ်လေးရဲ့ မိခင်ဖြစ်သူကတော့ သူမကလေးငယ်ရဲ့အသွင်ပုံစံဟာ ထူးခြားနေပေမယ့် သူမတို့မိသားစုအတွက် ဘုရားပေးတဲ့
ဆုလာဒ်လို့သာခံယူထားပြီးသာမာန်ပုံစံအတိုင်းဖြစ်စေရန်အတွက် ဆေးရုံတစ်ရုံမှာသွားရောက်ကုသပေးဖို့
စိတ်မပါပဲရှိနေပါတယ်။
သို့ပေမယ့်လည်းမိသားစုဝင်တွေရဲ့အကြံပေးမှုတွေကြောင့်သူတို့ဒေသနားမှာရှိတဲ့အထူးကုဆရာဝန်ကြီး
တစ်ဦးထံကိုသွားရောက်အကြံညဏ်တောင်းခဲ့ပါတယ်။ဒါပေမယ့်ခွဲစိတ်ကုသစရိတ်ကဆင်းရဲနွမ်းပါးလွန်း
တဲ့ ကလေးငယ်လေးရဲ့မိခင်အတွက် ကြီးမားနေတာကြောင့် လက်လျော့လိုက်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ကလေးငယ်လေးကို မွေးဖွားပေးခဲ့တဲ့ ဆရာဝန်က Vijayanagara Institute of Medicine Science ( VIMS ) ဆီကို အကူအညီတောင်းခံပေးထားပြီး VIMS ဘက်မှလည်း လက်ခံပေးခဲ့ပါတယ်။
VIMS ဘက်ကနေ အကူအညီရခဲ့တာကြောင့် ကလေးငယ်လေးကို ပုံမှန်လူသားတစ်ယောက်ရဲ့ ပုံစံအတိုင်း မြင်တွေရဖို့ မျှော်လင့်လာနိုင်သလို ဒီကလေးငယ်လေးကို အကောင်းပကိတိုင်းဖြစ်အောင် ခွဲစိတ်ကုသပေးဖို့ကလည်းVIMSကဆရာဝန်များအတွက်စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေမှာလည်း
သေချာပါတယ်ခင်ဗျာ။
No comments: