သင့်ရဲ့မနက်စာမှာ အသားဓာတ် ပါဝင်ပါစေ
အသားဓာတ်ဟာ အရသာအရှိဆုံးဆိုတာတော့ သိထားကြပြီးသားပါ။ ငယ်ရွယ်စဉ်မှာ အသားဓာတ်ကို မျှတလုံလောက်အောင် စားပေးခြင်းဟာလည်း ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးရေးအတွက် အလွန်အထောက်အကူ ဖြစ်စေပါတယ်။ မနက်စာမှာသာ အသားဓာတ်ပါအောင် ထည့်သွင်းစားသုံးပေးမယ်ဆို အဲ့ဒီနေ့တစ်နေ့လုံး ခွန်အားတွေပြည့်ဝနေလိမ့်မယ်လို့ TIME ဝက်ဘ်ဆိုက်က ရေးသားထားပါတယ်။
အသားဓာတ်ရဖို့အတွက်ဆို အသားတွေကိုချည်း စားသုံးနေစရာ မလိုပါဘူး။ အသားဓာတ်ရနိုင်မယ့် သက်သက်လွတ်အစားအစာတွေလည်း ရှိပါတယ်။ ဥပမာပြောရရင် ပဲတွေဖြစ်ပါတယ်။ ဝိတ်ချနေသူတွေဆိုရင် အသားအစား ပဲကိုစားပေးမယ်ဆို အားလည်းရှိသလို ဝိတ်လည်းသိပ်မတက်တော့ဘူးလေ။ မနက်စာမှာ အသားဓာတ်ထည့်စားခြင်းက ကျန်တဲ့အချိန်တွေမှာ အသားဓာတ်တောင့်တမှု လျော့နည်းသွားစေပါတယ်။
ဒိန်းမတ်နိုင်ငံ ကိုပန်ဟေဂန်တက္ကသိုလ် (University of Copenhagen)က မနက်စာစားခြင်းနဲ့ ပတ်သက်ပြီး သုတေသနတစ်ခု ပြုလုပ်ခဲ့ပါတယ်။ လူငယ်အမျိုးသား ၄၃ ဦးကို မတူညီတဲ့ မနက်စာ ၃ မျိုးခွဲခြားကြာ သီတင်းပတ်ပေါင်းများစွာ စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။ မနက်စာ သုံးမျိုးလုံးမှာ ကယ်လိုရီပမာဏ ၈၀၀ စီ ပါဝင်ပါတယ်။ အသားဓာတ်များများပါတဲ့ မနက်စာကို စားသုံးသူတွေက အစားအစာပေါ် စိတ်ကျေနပ်မှုရရှိပြီး နေ့လယ်စာစားချိန်မှာ ကယ်လိုရီနည်းနည်းပဲ တောင့်တကြတော့တာကို တွေ့ခဲ့ရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
No comments: