Header Ads

Breaking News
recent

ကင်မ်ဂျုံအမ်၏ အစ်ကိုလုပ်ကြံသတ်ဖြတ်သူမှာ မြန်မာအမျိုးသမီးမဟုတ်


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်ရဲ့ အဖေတူအမေကွဲ ညီအစ်ကိုဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့  အမျိုးသမီးကို ဖမ်းဆီးရမိထားပြီပြီဖြစ်ကြောင်း သိရပါတယ်။

အစောပိုင်း သတင်းတွေထွက်ခဲ့သလို လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ သံသယရှိခံရသူအမျိုးသမီးဟာ မြန်မာအမျိုးသမီးမဟုတ်ပဲ ဗီယက်နမ်ပက်စ်ပို့ ကိုင်ဆောင်ထားသူဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ကင်မ်ဂျုံအန်ရဲ့ အစ်ကိုဖြစ်သူဟာ မလေးရှားလေဆိပ်က စတိုးဆိုင်တစ်ခုအရှေ့မှာ လဲကျသွားခဲ့တာဖြစ်ပါတယ်။ ကင်မ်ဂျုံနမ်ကို လေဆိပ်နဲ့အနီးဆုံး ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် အသက်မမီပဲ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

" သံသယရှိသူကို ဖမ်းဆီးရမိထားပါပြီ။ လုံခြုံရေးကင်မရာကတဆင့် ဖမ်းယူရရှိခဲ့တာဖြစ်ပြီး ဖမ်းမိခဲ့တဲ့အချိန်မှာ သူတစ်ဦးတည်းဖြစ်ပါတယ်။ နောက်ထပ်လည်း သံသယရှိသူတွေကို ရှာဖွေစုံစမ်းနေဆဲပါ" လို့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ။ ကင်မ်ဂျံနမ်ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ မကာအိုကိုအသွား ဒီလိုလုပ်ကြံမှု ခံခဲ့ရတာဖြစ်ပါတယ်။ သူနေမကောင်းဖြစ်နေကြောင်းနဲ့ သူ့ရဲ့မျက်နှာက နောက်ကနေ တစ်ယောက်ယောက်က တစ်ခုခု လုပ်လိုက်တယ်လို့ ထင်ကြောင်း သတင်းပေးပို့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါသေးတယ်။

ကင်မ်ဂျုံနမ်ကို လုပ်ကြံသတ်ဖြတ်ရာမှာ အမျိုးသမီးတစ်ဦးသို့မဟုတ် နှစ်ဦးပါဝင်ခဲ့ဖွယ်ရှိတယ်လို့ ယုံကြည်ရပါတယ်။ လက်ရှိဖမ်းဆီးရမိထားတဲ့ အမျိုးသမီးဟာ သူကိုင်ဆောင်ထားတဲ့ သက်သေခံ စာရွက်စာတမ်းတွေအရ ဗီယက်နမ်နိုင်ငံ နန်ဒင်းမြို့မှာ ၁၉၈၈ ခုနှစ်မွေးဖွားသူဖြစ်တယ်လို့ သိရပါတယ်။ ကင်မ်ဂျုံနမ်က လက်ရှိမြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ် ရာထူးရမယူခင်မှာ ခေါင်းဆောင်ဖြစ်လာမယ်လို့ ခန့်မှန်းခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ကင်မ်ဂျုံနမ်ဟာ သေဆုံးချိန်မှာ အသက် ၄၂ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။

မလေးရှားမှာ ရှိတဲ့ မြောက်ကိုရီးယားနိုင်ငံ တာဝန်ရှိသူတွေက ကင်မ်ဂျုံနမ်ရဲ့အလောင်းကို ပြန်ပေးဖို့ အာဏာပိုင်တွေထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ကင်ဂျုံနမ်ဟာ သူမသေဆုံးခင် အချိန်ပိုင်းအတွင်းမှာ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေကို သူဟာ မျက်နှာကို ဓာတုဆေးတစ်ခုခု ဖြန်းတာခံလိုက်ရတယ်လို့ ပြောခဲ့ကြောင်း ပြည်တွင်းသတင်းဌာနတွေက ဖော်ပြထားပါတ
ယ်။

ဖိုးသူတော် (www.phothutaw.com)

No comments:

Powered by Blogger.