Header Ads

Breaking News
recent

ကင်ဂျုံနမ်အား လုပ်ကြံသည်ဟု သံသယရှိသည့် မြောက်ကိုရီးယားနိုင်ငံသားလေးဦး မလေးရှားမှ ထွက်ပြေးတိမ်းရှောင်လျက်ရှိ


မြောက်ကိုရီးယားခေါင်းဆောင် ကင်၏အစ်ကိုဖြစ်သူ ကင်ဂျုံနမ်အား လေဆိပ်၌ လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု သံသယ ရှိသည့် ကိုရီးယားနိုင်ငံသားလေးဦး သည် ကွာလာလမ်ပူလေဆိပ်၌ ကင်ဂျုံနမ်အား အပြင်းစားအဆိပ် ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက်တွင် အဆိုပါနေ့၌ပင် မလေးရှားနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ပြောကြား ခဲ့သည်။

ကင်ဂျုံနမ်အား သေဆုံးမှုတွင် ပါဝင်ခဲ့သည့် မြောက်ကိုရီးယား နိုင်ငံသားတစ်ဦး၊ ဗီယက်နမ် အမျိုး သမီးတစ်ဦးနှင့် အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးတို့ကိုလည်း ပြီးခဲ့သည့် တနင်္လာ နေ့က ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။
ထိုသို့ ဖမ်းဆီးထိန်းသိမ်းမှုသည် မလေးရှားနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို ကတောက်ကဆတ်ဖြစ်စေခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန် အာဏာပိုင်များက ကင်ဂျုံနမ်အား မြောက်ကိုရီးယား အေးဂျင့်များက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ ကြသည်။

ကွာလာလမ်ပူရှိ မြောက်ကိုရီးယား သံအမတ်များကမူ အလောင်းအား ရင်ခွဲစစ်ဆေးမှုကို ကန့်ကွက်ရန် ကြိုးစားခဲ့ပြီး အလောင်းအား မြောက် ကိုရီးယားသို့ လွှဲပေးရန်တောင်း ဆိုခဲ့ကြ သည်။

ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် မြောက်ကိုရီးယားနိုင်ငံသား လေးဦး သည် သာမန်နိုင်ငံကူးလက်မှတ်များ ကိုသာ ကိုင်ဆောင်ခဲ့ကြပြီး သံတမန် ရေးရာ နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ထားခြင်းမရှိကြောင်း စုံစမ်း ထောက်လှမ်းရေးအဖွဲ့ ဒုတိယအကြီး အကဲ နော်ရာရှစ်အီဘရာဟင်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြော ကြားခဲ့သည်။

No comments:

Powered by Blogger.