Header Ads

Breaking News
recent

သစ်ပင်ကို ထမင်းကျွေးကြတဲ့ တရုတ်နိုင်ငံက လယ်သမားများ ...!


တရုတ်နိုင်ငံကို ကမ္ဘာပေါ်မှာ ပေါက်ကရအလုပ်ဆုံးတိုင်းပြည်အဖြစ်နဲ့ တင်စားခေါ်ဆိုရမလို ဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ အထူးခြားဆုံးသတင်းများ ထွက်ပေါ်နေရာ နေရာဒေသတစ်ခုဖြစ်နေတဲ့အပြင် အခုအခါမှာလည်း သစ်ပင်တွေကို ထမင်းကျွေးနေတဲ့ သတင်းတစ်ပုဒ်ဟာလည်း ထပ်မံထွက်ပေါ်လို့
လာခဲ့ပြန်ပါတယ်။

 ကျွန်တော်အားလုံး သိနားလည်ထားကြတာက အပင်တစ်ပင်ရှင်သန်ဖို့အတွက် နေရောင်ခြည် ၊ ကာဘွန်ဒိုင်အောက်ဆိုဒ် ၊ ရေနဲ့ မြေသြဇာအချို့ လိုအပ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဒါပေမယ့် တရုတ်နိုင်ငံ
အလယ်ပိုင်း Hubei စီရင်စုက လယ်သမားများကတော့ သစ်ပင်တွေမှာ အထက်ကဖော်ပြခဲ့
တာတွေအပြင် အစာကျွေးဖို့ပါ လိုအပ်တယ်လို့ ထင်မြင်ယူဆထားပုံရပါတယ်။



ဘာလို့လဲဆိုတော့ လယ်သမားတွေဟာ သစ်ပင်တစ်ပင်ကို တံစဉ်နဲ့အနည်းငယ်ခုတ်ဖြတ်ပြီး ဟသွားတဲ့နေရာလေးမှာ ထမင်းတွေထည့်ကာ သစ်ပင်ကိုထမင်းကျွေးနေကြလို့ ဖြစ်ပါတယ်။ ဒီလို သစ်ပင်ကိုထမင်းကျွေးရခြင်းကြောင့် အပင်သန်မယ် ၊ အသီးအပွင့်တွေ ပိုမိုဖြစ်ထွန်းမယ်လို့ လယ်သမားတွေက ယုံကြည်ထားကြပါတယ်။



အခုလို သစ်ပင်ကိုထမင်းကျွေးခြင်းဟာ Hubeiစီရင်စုမှာရှိတဲ့ ရှေးထုံးတမ်းအစဉ်အလာတစ်ခုဖြစ်ပေမယ့်
 လူအချို့ကတော့ ဒီလုပ်ရက်အပေါ်ဝေဖန်ထားကြပြီး သစ်ပင်ကို တံစဉ်နဲ့ခုတ်ခြင်း အပင်ကြီး
ထွားမှုကိုတောင် အဟန့်အတားဖြစ်စေနိုင်သေးတယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။ သို့ပေမယ့်လည်း လယ်သမားများကတော့ သူတို့ထမင်းကျွေးနေတာဟာ သစ်ပင်ကိုမဟုတ်ပဲ သစ်ပင်စောင့်နတ်နဲ့ သစ်ပင်မှာရှိတဲ့ဝိညာဉ်များကို ကျွေးမွေးတာသာဖြစ်ကြောင်း ဒီလိုပူဇော်ပသလို့ နှစ်စဉ်နှစ်တိုင်း အသီးအနှံအထွက်ကောင်းကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်ခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)

No comments:

Powered by Blogger.