Header Ads

Breaking News
recent

ကိုယ့္ခ်စ္သူကုိ နားလည္မႈရွိရွိ စကားဘယ္လိုေျပာမလဲ


ခ်စ္သူရည္းစားနဲ႔ အေၾကာင္းအရာ တစ္ခုခုကုိ ေဆြးေႏြးခ်ိန္မွာ တစ္ခ်ိဳ႕ကိစၥေတြ တိုင္ပင္ရတာ စိတ္ကုန္မိတယ္။ သူတို႔ အျမင္ေတြနဲ႔ ကိုယ့္အျမင္ေတြက ဘယ္ေတာ့မွ အျမဲမတူႏိုင္ဘူးေလ။ တစ္ခါတစ္ရံ ကိုယ့္စဥ္းစားထားတာကို ေျပာျပတဲ့အခါ ေခါင္းထဲမွာေတြးထားတာက တစ္ခု၊ ပါးစပ္က ထြက္သြားတာက တစ္မ်ိဳး၊ သူ႔ဘာသာ အဓိပၸာယ္ေကာက္လိုက္တာက တစ္ျခား ျဖစ္သြားတတ္တယ္။ ေျပာေလ လဲြေလ ဆိုေတာ့ မေျပာခ်င္ေတာ့ဘူး။

တစ္ခါတစ္ေလက်ေတာ့လည္း ေတြးၾကည့္မိတယ္။ ငါမ်ား အေျပာမတတ္တာလားေပါ့။ ဟုတ္ပါတယ္။ ကိုယ္က တရုတ္လို ေျပာၿပီး သူက တရုတ္စာနားမလည္သလိုပါပဲ။ ဒီေတာ့ ႏွစ္ေယာက္လံုးနားလည္တဲ့ ဘာသာစကားနဲ႔ ေျပာၾကေပါ့။ နားလည္မႈေလးနည္းနည္းရွိၿပီး စဥ္းစားခ်င့္ခ်ိန္ၿပီး ေျပာတာက ခ်စ္သူတိုင္းနားလည္ပါတယ္။ ေျပာခ်င္တာေတြ စြတ္ေျပာၿပီး တစ္ဖက္လူက နားမလည္တာကို နားလည္ေပးေပါ့ဆိုၿပီး မ်က္စိမွိတ္ လက္ခံခိုင္းတာကေတာ့ မေကာင္းပါဘူးေနာ္။ တစ္ေယာက္နဲ႔တစ္ေယာက္ စကားမ်ား ရန္ျဖစ္ရတာေတြအထိ ျဖစ္ၾကၿပီး စိတ္ေရာလူပါ ပင္ပန္းၾကရတာ။ တစ္ဦးနဲ႔တစ္ဦး အျပန္အလွန္ ေလးစားမႈ ရွိဖုိ႔ေတာ့ လုိပါတယ္။ နည္းလမ္းမွန္ကန္တဲ့ စကားေျပာနည္းဆိုတာထက္ မမွန္ကန္မေျပာသင့္တဲ့ စကားေျပာဆိုပံုေတြကုိ ေလ့လာၾကည့္ရေအာင္။

 ႏႈိင္းယွဥ္ၿပီး မေျပာပါနဲ႔


လူတိုင္း ကိုယ့္အထာနဲ႔ ကိုယ္ပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္ခံစားခ်က္နဲ႔ လုပ္ႏိုင္စြမ္းက ထပ္တူ မက်ပါဘူး။ တျခားသူတစ္ေယာက္နဲ႔ ႏႈိင္းယွဥ္ေျပာဆုိလိုက္တာမ်ဳိးဟာ တစ္ဖက္လူကုိ စိတ္မေကာင္းျဖစ္ေစႏိုင္ပါတယ္။ ေဒါသလည္း ထြက္သြားေစႏိုင္ပါတယ္။ တစ္ခါတစ္ေလ စိတ္ဖိစီးမႈကို ျဖစ္ေစၿပီး မခံခ်င္စိတ္နဲ႔ အမွားအမွန္ ပုိင္းျခားဖုိ႔ ခက္ခဲသြားတတ္ပါတယ္။ ကိုယ္ျဖစ္ခ်င္တာေတြ ေျပာတဲ့အခါ သူက လက္မခံႏိုင္ရင္ေတာင္ သူ႔ဘက္က အျမင္ကုိ သင္နားလည္ေအာင္ ႀကိဳးစားေပးၾကည့္ပါ။ ေျပာမရလို႔ သူမ်ားနဲ႔ ႏႈိင္းယွဥ္ေျပာလိုက္တာနဲ႔ သူက အဲဒီအတိုင္း ျဖစ္ခ်င္မွ ျဖစ္မွာပါ။ မ်ားေသာအားျဖင့္ သူတို႔ကို မခ်စ္ဘူး၊ လုပ္ေပးခဲ့သမွ်ကို တန္ဖိုးမထားဘူးလို႔ ေတြးထင္သြားတတ္ပါတယ္။

အျပစ္မတင္ပါနဲ႔ 

သူလုပ္လိုက္တာ တစ္ခုုခုလဲြသြားတာ၊ မွားသြားတာရွိရင္ လူတုိင္း အမွားမကင္းတာကုိ နားလည္ထားပါ။ ဆုံးျဖတ္ခ်က္တစ္ခုကုိ တစ္ႀကိမ္မွားၿပီး ခ်လုိက္မိတယ္။ တစ္သက္လံုးဒီလို အၿမဲတမ္း မွားေနမယ္လို႔ ထင္တာက အလဲြႀကီးပါ။ တစ္ခါမွားထားတာကို အၿမဲတမ္းလိုလို အျပစ္တင္ေနမယ္၊ ဒါနဲ႔ပဲ ျပန္ခ်ိမ္းေျခာက္ေနမယ္ဆိုရင္ ေနာက္ထပ္တစ္ႀကိမ္မွာ သူဟာ ဆုံးျဖတ္ခ်က္တစ္ခုကို ခ်ဖုိ႔ ေတြေဝသြားတတ္ၿပီး သူအၿမဲပဲ မွားေနလိမ့္မယ္လုိ႔ ထင္တာေၾကာင့္ စိတ္ထိခုိက္မႈျဖစ္သြားႏုိင္ပါတယ္။

 အမိန္႔မေပးပါနဲ႔

လမ္းမွာ ေတြ႔တဲ့ သူစိမ္းတစ္ေယာက္ကိုေတာင္ ေကာင္းေကာင္းမြန္မြန္ေျပာႏိုင္ ဆိုႏိုင္ၾကေသးတာပဲ။ လုိခ်င္တာ အကူအညီေတာင္းခ်င္တာရွိရင္ ခ်ိဳခ်ိဳသာသာ ေျပာရပါတယ္။ ကေလးေလးေတြဆို ေခ်ာ့ေျပာရမွ ရပါတယ္။ ကိုယ့္ကိုယ္ လူၾကားထဲမွာ ေအာ္ေငါက္ေျပာဆုိရင္၊ ႏုိင္ထက္စီးနင္း ဟိုဟာလုပ္လိုက္၊ ဒီဟာသယ္ေပးေျပာဆုိရင္ေကာ ႀကိဳက္ပါ့မလား။ ဘယ္သူမွ အခ်ိန္ၾကာၾကာ လက္မခံႏုိင္ပါဘူး။ ကုိယ္ ေျပာလုိက္တဲ့ စကားေၾကာင့္ တစ္ဖက္လူ ဘယ္လုိ ခံစားရမလဲ ဆုိတာမ်ဳိး အရင္ေတြးၾကည့္ပါ။

နားမလည္ရင္ ျပန္ေမးပါ

ကိုယ့္ခ်စ္သူရည္းစားက ေျပာလိုက္တဲ့ဟာကို နားမလည္ရင္လည္း နားမလည္ဘူး၊ ဘာႀကီးေျပာလိုက္တာ ဆိုၿပီး ျပန္ေမးပါ။ ကိုယ့္ခ်စ္သူေျပာတာကို ရွင္းရွင္းလင္းလင္းႏွစ္ဦးသား အလင္းျမင္တဲ့အထိ မေမးမေျပာဘဲ ၿပီးမွ တလဲြအေတြးေတြနဲ႔ဆို ေကာင္းတာဆို သိပ္ကိစၥမရွိဘူး။ မေကာင္းတာဆို မ်ဳိသိပ္မႈေတြမ်ားလာရင္ တစ္ခ်ိန္ခ်ိန္ ႏူယ်ဴကလီးယားဗံုးတစ္လံုးလို ေပါက္ကြဲလာႏုိင္ပါတယ္။

ကိုယ့္ခ်စ္သူ ေျပာတတ္တဲ့ စကားေျပာဆိုပံု သူက ရဲြ႕တတ္သလား၊ စိတ္ဆိုးရင္ စကားမေျပာေတာ့ဘူးလား၊ ေအာ္တတ္လား၊ ျပည့္ျပည့္စံုစံုရွင္းျပတတ္သလား စသျဖင့္ေပါ့ ေလ့လာထားပါ။ ၿပီးရင္ သူေျပာေနက် သူနားလည္တဲ့ပံုစံနဲ႔ သူ႕အထာကို ရေအာင္ဖမ္းေျပာပါ။ ဒါက ခ်က္ခ်င္းနားလည္ေစမယ့္ အကြက္ပါပဲ။ တကယ္လို႔ အေျပာမတတ္လို႔ ထသတ္မိရင္လည္း ခ်စ္ခင္ႏွစ္သက္လုိ႔ ေပါင္းသင္းဆက္ဆံၾကတယ္ဆုိတာကုိ သတိရပါ။ ကုိယ့္အေဖာ္ရဲ႕ေျပာစကားဟာ ကုိယ့္ကုိ အက်ဳိးတစ္စုံတစ္ရာ ပ်က္စီးေစခ်င္တဲ့ ဆႏၵမရွိႏုိင္ဘူး ဆုိတာကုိေတာ့ မေမ့ဖုိ႔ လုိပါတယ္။ မုန္းေနၾကတာမွ မဟုတ္ပဲနဲ႔။ အျပန္အလွန္နားလည္မႈရွိၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : duwum

#Unicode Version
ချစ်သူရည်းစားနဲ့ အကြောင်းအရာ တစ်ခုခုကို ဆွေးနွေးချိန်မှာ တစ်ချို့ကိစ္စတွေ တိုင်ပင်ရတာ စိတ်ကုန်မိတယ်။ သူတို့ အမြင်တွေနဲ့ ကိုယ့်အမြင်တွေက ဘယ်တော့မှ အမြဲမတူနိုင်ဘူးလေ။ တစ်ခါတစ်ရံ ကိုယ့်စဉ်းစားထားတာကို ပြောပြတဲ့အခါ ခေါင်းထဲမှာတွေးထားတာက တစ်ခု၊ ပါးစပ်က ထွက်သွားတာက တစ်မျိုး၊ သူ့ဘာသာ အဓိပ္ပာယ်ကောက်လိုက်တာက တစ်ခြား ဖြစ်သွားတတ်တယ်။ ပြောလေ လွဲလေ ဆိုတော့ မပြောချင်တော့ဘူး။

တစ်ခါတစ်လေကျတော့လည်း တွေးကြည့်မိတယ်။ ငါများ အပြောမတတ်တာလားပေါ့။ ဟုတ်ပါတယ်။ ကိုယ်က တရုတ်လို ပြောပြီး သူက တရုတ်စာနားမလည်သလိုပါပဲ။ ဒီတော့ နှစ်ယောက်လုံးနားလည်တဲ့ ဘာသာစကားနဲ့ ပြောကြပေါ့။ နားလည်မှုလေးနည်းနည်းရှိပြီး စဉ်းစားချင့်ချိန်ပြီး ပြောတာက ချစ်သူတိုင်းနားလည်ပါတယ်။ ပြောချင်တာတွေ စွတ်ပြောပြီး တစ်ဖက်လူက နားမလည်တာကို နားလည်ပေးပေါ့ဆိုပြီး မျက်စိမှိတ် လက်ခံခိုင်းတာကတော့ မကောင်းပါဘူးနော်။ တစ်ယောက်နဲ့တစ်ယောက် စကားများ ရန်ဖြစ်ရတာတွေအထိ ဖြစ်ကြပြီး စိတ်ရောလူပါ ပင်ပန်းကြရတာ။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားမှု ရှိဖို့တော့ လိုပါတယ်။ နည်းလမ်းမှန်ကန်တဲ့ စကားပြောနည်းဆိုတာထက် မမှန်ကန်မပြောသင့်တဲ့ စကားပြောဆိုပုံတွေကို လေ့လာကြည့်ရအောင်။

 နှိုင်းယှဉ်ပြီး မပြောပါနဲ့

လူတိုင်း ကိုယ့်အထာနဲ့ ကိုယ်ပါ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ခံစားချက်နဲ့ လုပ်နိုင်စွမ်းက ထပ်တူ မကျပါဘူး။ တခြားသူတစ်ယောက်နဲ့ နှိုင်းယှဉ်ပြောဆိုလိုက်တာမျိုးဟာ တစ်ဖက်လူကို စိတ်မကောင်းဖြစ်စေနိုင်ပါတယ်။ ဒေါသလည်း ထွက်သွားစေနိုင်ပါတယ်။ တစ်ခါတစ်လေ စိတ်ဖိစီးမှုကို ဖြစ်စေပြီး မခံချင်စိတ်နဲ့ အမှားအမှန် ပိုင်းခြားဖို့ ခက်ခဲသွားတတ်ပါတယ်။ ကိုယ်ဖြစ်ချင်တာတွေ ပြောတဲ့အခါ သူက လက်မခံနိုင်ရင်တောင် သူ့ဘက်က အမြင်ကို သင်နားလည်အောင် ကြိုးစားပေးကြည့်ပါ။ ပြောမရလို့ သူများနဲ့ နှိုင်းယှဉ်ပြောလိုက်တာနဲ့ သူက အဲဒီအတိုင်း ဖြစ်ချင်မှ ဖြစ်မှာပါ။ များသောအားဖြင့် သူတို့ကို မချစ်ဘူး၊ လုပ်ပေးခဲ့သမျှကို တန်ဖိုးမထားဘူးလို့ တွေးထင်သွားတတ်ပါတယ်။

အပြစ်မတင်ပါနဲ့

သူလုပ်လိုက်တာ တစ်ခုုခုလွဲသွားတာ၊ မှားသွားတာရှိရင် လူတိုင်း အမှားမကင်းတာကို နားလည်ထားပါ။ ဆုံးဖြတ်ချက်တစ်ခုကို တစ်ကြိမ်မှားပြီး ချလိုက်မိတယ်။ တစ်သက်လုံးဒီလို အမြဲတမ်း မှားနေမယ်လို့ ထင်တာက အလွဲကြီးပါ။ တစ်ခါမှားထားတာကို အမြဲတမ်းလိုလို အပြစ်တင်နေမယ်၊ ဒါနဲ့ပဲ ပြန်ချိမ်းခြောက်နေမယ်ဆိုရင် နောက်ထပ်တစ်ကြိမ်မှာ သူဟာ ဆုံးဖြတ်ချက်တစ်ခုကို ချဖို့ တွေဝေသွားတတ်ပြီး သူအမြဲပဲ မှားနေလိမ့်မယ်လို့ ထင်တာကြောင့် စိတ်ထိခိုက်မှုဖြစ်သွားနိုင်ပါတယ်။

 အမိန့်မပေးပါနဲ့

လမ်းမှာ တွေ့တဲ့ သူစိမ်းတစ်ယောက်ကိုတောင် ကောင်းကောင်းမွန်မွန်ပြောနိုင် ဆိုနိုင်ကြသေးတာပဲ။ လိုချင်တာ အကူအညီတောင်းချင်တာရှိရင် ချိုချိုသာသာ ပြောရပါတယ်။ ကလေးလေးတွေဆို ချော့ပြောရမှ ရပါတယ်။ ကိုယ့်ကိုယ် လူကြားထဲမှာ အော်ငေါက်ပြောဆိုရင်၊ နိုင်ထက်စီးနင်း ဟိုဟာလုပ်လိုက်၊ ဒီဟာသယ်ပေးပြောဆိုရင်ကော ကြိုက်ပါ့မလား။ ဘယ်သူမှ အချိန်ကြာကြာ လက်မခံနိုင်ပါဘူး။ ကိုယ် ပြောလိုက်တဲ့ စကားကြောင့် တစ်ဖက်လူ ဘယ်လို ခံစားရမလဲ ဆိုတာမျိုး အရင်တွေးကြည့်ပါ။

နားမလည်ရင် ပြန်မေးပါ

ကိုယ့်ချစ်သူရည်းစားက ပြောလိုက်တဲ့ဟာကို နားမလည်ရင်လည်း နားမလည်ဘူး၊ ဘာကြီးပြောလိုက်တာ ဆိုပြီး ပြန်မေးပါ။ ကိုယ့်ချစ်သူပြောတာကို ရှင်းရှင်းလင်းလင်းနှစ်ဦးသား အလင်းမြင်တဲ့အထိ မမေးမပြောဘဲ ပြီးမှ တလွဲအတွေးတွေနဲ့ဆို ကောင်းတာဆို သိပ်ကိစ္စမရှိဘူး။ မကောင်းတာဆို မျိုသိပ်မှုတွေများလာရင် တစ်ချိန်ချိန် နူယျူကလီးယားဗုံးတစ်လုံးလို ပေါက်ကွဲလာနိုင်ပါတယ်။

ကိုယ့်ချစ်သူ ပြောတတ်တဲ့ စကားပြောဆိုပုံ သူက ရွဲ့တတ်သလား၊ စိတ်ဆိုးရင် စကားမပြောတော့ဘူးလား၊ အော်တတ်လား၊ ပြည့်ပြည့်စုံစုံရှင်းပြတတ်သလား စသဖြင့်ပေါ့ လေ့လာထားပါ။ ပြီးရင် သူပြောနေကျ သူနားလည်တဲ့ပုံစံနဲ့ သူ့အထာကို ရအောင်ဖမ်းပြောပါ။ ဒါက ချက်ချင်းနားလည်စေမယ့် အကွက်ပါပဲ။ တကယ်လို့ အပြောမတတ်လို့ ထသတ်မိရင်လည်း ချစ်ခင်နှစ်သက်လို့ ပေါင်းသင်းဆက်ဆံကြတယ်ဆိုတာကို သတိရပါ။ ကိုယ့်အဖော်ရဲ့ပြောစကားဟာ ကိုယ့်ကို အကျိုးတစ်စုံတစ်ရာ ပျက်စီးစေချင်တဲ့ ဆန္ဒမရှိနိုင်ဘူး ဆိုတာကိုတော့ မမေ့ဖို့ လိုပါတယ်။ မုန်းနေကြတာမှ မဟုတ်ပဲနဲ့။ အပြန်အလှန်နားလည်မှုရှိကြပါစေ။ 

ဖိုးသူတော် (www.phothutaw.com)

No comments:

Powered by Blogger.