Header Ads

Breaking News
recent

ယောက်ျားလေးတွေ လိမ်ညာတတ်လာခြင်းဟာ ချစ်သူမိန်းမတွေကြောင့်ဖြစ်...!(အရမ်းကောင်းတယ် ..ဖတ်ကြည့်နော်)


 ယောက်ျားလေးတစ်ယောက် အလိမ်တတ်လာခြင်းကမိန်းကလေးတွေရဲ့ သဝန်တိုခြင်းမှ အစပြုလာတယ်။

ဘာ့ကြောင့်လဲဆိုတော့....

မိန်းကလေးသဘာဝက ကိုယ့်ချစ်သူအကြောင်းကို ဖြစ်ကြောင်းကုန်စင်သိချင်ကြသော်လည်း သိလာတဲ့မက်ဆေ့တွေကိုရင်ထဲမှာ သိမ်းထားကြတယ်။

အကြောင်းတိုက်ဆိုင်လာတိုင်းစကားနာထိုးတတ်ကြတယ်။နေရာတကာသဝန်တိုတတ်လာခြင်းကြောင့်
 ယောက်ျားလေးတွေအနေကြပ်လာကာ ခဏတာနားအေးရင်ပီးရောဆိုပီးလိမ်ညာလာကြတယ်။

နောက်တစ်ခုက....
မိန်းကလေးသဘာဝက ကိုယ့်ချစ်သူဂရုစိုက်နွေးထွေးမှူ နှင့်လှတယ်လို့ပြောမှသဘောကျတတ်ကြတယ်။
ဘဝအတွက်ရုန်းကန်နေရသော ယောက်ျားတို့အနေနဲ့အချိန်ပေးမှူ အားနည်းလာတော့ ဆင်ခြေပေးပီး လိမ်ညာလာတတ်ကြပြန်ရော။

နောက်တစ်ခုက.....
မိန်းကလေးသဘာဝက ယောက်ျားရှာသမျှကို အကုန်လိုချင်ကြတယ်။
စီးပွား​ရေး လုပ်နေရသော ယောက်ျားတို့ဘဝမှာ လူမှူရေးကလည်းပတ်သက်နေတော့ ရသမျှငွေကြေးကို အကုန်မအပ်နိုင်တော့ဘဲလိမ်ညာရပြန်ရော။

နောက်တစ်ခုက.....
အိမ်ထောင်ဦးစီးပီသသော ယောက်ျားများသည် အလုပ်မှာအဆင်မပြေမှူများကို အိမ်ရှင်မနဲ့ မိသားစုအပေါ် အပူမပေးချင်တော့အဆင်မပြေလည်း ပြေပါတယ်ဆိုပီး လိမ်ညာကြပြန်ရော။

နောက်တစ်ခုက....
သားကောင်းရတနာပီသသော ယောက်ျားလေးများသည် မိဘနှင့်ညီအကိုမောင်နှမအပေါ်တွင်
 အိမ်ထောင်ကျပီးသွားလည်း တတ်နိုင်သလောက်ပေးကမ်းချင်ကြတယ်။နေရာတကာ မိန်းမဆီက လက်ဖြန့်မတောင်းချင်သောကြောင့် လိမ်ညာရပြန်ရော။

လိမ်ညာခြင်းဆိုတာ အမှန်တကယ်တော့ မကောင်းတဲ့အမူအကျင့်ပါ။
ယောက်ျားတွေ မလိမ်တတ်အောင် မိန်းကလေးတွေအနေနဲ့လိမ်နည်းမသင်ပေးဖို့လိုပါတယ်။

မိန်းကလေးတွေအနေနဲ့ ယောက်ျားတွေမလိမ်ညာအောင်....
၁)သဝန်တိုမှူလျော့ချပြီး နားလည်ပေးပါ
၂)အနေကြပ်အောင်ဖိအားမပေးသင့်ပါ
၃)ယောက်ျားလေးဘက်က ဆွေမျိုးတွေအပေါ် တတ်နိုင်သလောက် အလိုက်သိပါ
၎)လူမှူရေးကိစ္စတွေအပေါ် နားလည်သင့်သလောက်နားလည်ပေးပါ
၅)အတိတ်ဟောင်းတွေကို ခဏခဏ စကားနာမထိုးသင့်ပါ

ယောက်ျားတွေအနေနဲ့လည်း ကိုယ့်ချစ်သူ ၊ ဇနီးသည်အပေါ်....
၁)ပွင့်လင်းပါ
၂)မယုံမကြည်ဖြစ်အောင် အမှားကြီးကြီးမကျူးလွန်သင့်ပါ
၃)ချစ်သူ ၊ အိမ်ရှင်မ၏ လေးစားစရာ ယောက်ျားဖြစ်အောင်ကြိုးစားပါ
၎)အတတ်နိုင်ဆုံး နွေးထွေးမှူ ပေးပါ
၅)ကိုယ့်ချစ်သူ ဇနီးသည်၏ စိတ်ကိုနားလည်အောင်ကြိုးစားပါ

နှစ်ဦးစလုံး အပေးအယူတည့်သွားခဲ့ရင် သစ္စာတရား
ခိုင်မြဲလာပြီး ပျော်ရွှင်စရာ ချစ်ခရီးလမ်းတစ်ခုဖြစ်လာမှာ သေချာပါတယ်။

လေးစားစွာဖြင့် emoji unicode: 2665 emoji unicode: 2665 emoji unicode: 2665
ဇင်းနစ်​ မကွေး

ဖိုးသူတော် (www.phothutaw.com)

No comments:

Powered by Blogger.