ဗ္ဘိက္ခနန္တရကပ်ဆိုး ကြောင့် လူဦးရေသန်း ၂၀ ကျော် အစားအစာ ငတ်မွတ်မှုနှင့် ကြုံတွေ့နိုင်ဖွယ်ရှိ
ဖလော်ရီဒါပြည်နယ် သို့မဟုတ် ရိုမေးနီးယား နိုင်ငံထက် ပိုမိုများပြားသည့် ကမ္ဘာ့လူဦးရေ ၏ သန်း ၂ဝ ကျော်သည် ဒုဗ္ဘိက္ခနန္တရ ကပ်ဆိုးကြောင့် လာမည့် ခြောက်လအတွင်း အမြင့်ဆုံး အစားအစာ ငတ်မွတ်မှုနှင့် ကြုံတွေ့ရနိုင် ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့မှ အကြီးအကဲ အာရစ်ဖ်ဟူစိန် က ပြောသည်။
ယီမင်၊ နိုက်ဂျီးရီးယား အနောက်မြောက်ပိုင်း နှင့် တောင်ဆူဒန်နိုင်ငံ တို့တွင်ဖြစ်ပွားသည့် စစ်ပွဲများကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်ကာ လူနေအိမ်ခြေများ ပျက်စီးလျက် ရှိသည့်အပြင် အာဖရိက အရှေ့ပိုင်း တွင်လည်း မိုးခေါင်ရေရှားမှု ပြဿနာကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ ပျက်စီးလျက် ရှိကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်း၌ ယခုကဲ့သို့ ကပ်ဘေးများ တွေ့ကြုံမှုသည် ၁၅ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဟူစိန်က ရိုက်တာ သတင်းဌာန၏ တွေ့ဆုံမေးမြန်းခန်း အစီအစဉ် တစ်ခုတွင် ပြောသည်။
၂၁ ရာစုနှစ်တွင် လူအများစုသည် ဒုဗ္ဘိက္ခနန္တရ ကပ်ဆိုးကြီးကို တွေ့ကြုံရမည် ဖြစ်ကာ နိုက်ဂျီးရီးယား၊ ယီမင်နှင့် တောင်ဆူဒန် တို့တွင် ယင်းကပ်ဆိုးကြီးကို ယခု လတ်တလော တွေ့ကြုံ နေရကြောင်း ၄င်းက ဆက်လက် ပြောသည်။
No comments: