Header Ads

Breaking News
recent

ကွန်ဖူးစွမ်းရည်ပြနေသည့် ၉၄ နှစ်အရွယ်အဖွားအိုရုပ်သံ ရေပန်းစား



တရုတ်နိုင်ငံမှ အသက် ၉၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဖွားဖွား ဇန်ဟက်ရှီအန်ဟာ သမားရိုးကျ အခြေအနေတခုကနေ ခွဲထွက်ပြီး အသက်အရွယ်အိုမင်းမှုနဲ့ မလိုက်ဖက်အောင် သွက်လက်ဖျတ်လတ်မှုနဲ့ ရှင်သန်နေနိုင်ခဲ့တာကို သက်သေပြနိုင်ခဲ့ပါတယ်။
ဖွားဖွားဟာ အံ့သြဖွယ်ကောင်းတဲ့ သူ့ရဲ့ ကွန်ဖူးစွမ်းရည်ပြသမှုတွေနဲ့အတူ နာမည်ကျော်နေခဲ့တာဖြစ်တယ်လို့ စီဂျီင်္တီအန် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အသက် ၄ နှစ်အရွယ်တည်းက စတင်လေ့ကျင့်ကစားလာခဲ့မှုဟာ ခုအသက်အရွယ်ထိတိုင် သွက်လက်လှုပ်ရှားနိုင်နေခဲ့တာပါ။
ကွန်ဖူးကစားတာဟာ မိမိကိုယ်ကို ခုခံကာကွယ်ပြီး သူတပါးကို ကူညီနိုင်ဖို့သာဖြစ်ကာ ဒါဟာ တပါးသူအပေါ် အုပ်စုဖွဲ့အနိုင်ကျင့်တဲ့ ပညာရပ်မဟုတ်ဘူးလို့ ဖွားဖွား ဇန်ဟက် ရှီအန်က ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတခုကိုလည်း ခုလိုပြောပြခဲ့တာပါ။
သူဟာ အမျိုးသားတဦးက သူ့ဇနီးဖြစ်သူကို ရိုက်နှက်နေတာ တွေ့ကြုံခဲ့ရချိန်မှာ “အဖွား အရမ်းစိတ်ဆိုး ဒေါသထွက်ခဲ့တယ်။ သူတို့နားကို အပြေးသွားပြီး အဲဒီအမျိုးသားရဲ့ ရင်ဘတ်ကို ထိုးနှက်ခဲ့ဖူးတယ်” လို့ ပြောပြခဲ့ပါတယ်။
ဖွားဖွား ဇန်ဟက်ရှီအန်ဟာ လက်ရှိအချိန်ထိ ကလေးတွေကို ကွန်ဖူးပညာရပ်တွေ သင်ကြားပေးနေဆဲဖြစ်ပြီး တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဇီကျန်းခရိုင်၊ နင်းဘိုမြို့မှာ ကျန်းကျန်းမာမာ နေထိုင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

No comments:

Powered by Blogger.