Header Ads

Breaking News
recent

ဗုံးဟောင်းတလုံးကိုဆော့ကစားရာက ပေါက်ကွဲမှုဖြစ်ပွား၍ ကလေး၂ဦးဒဏ်ရာရ


ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ မုံးကိုးဒေသမှာ ဗုံးသီးဟောင်းတလုံးကို ထုရိုက်ဆော့ ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပွားပြီး  ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
မုံးကိုးစခန်းရဲ့  အနောက်မြောက်ဘက် ရိုမန်ကက်သလစ်ခရိယာန်ဘုရားကျောင်းအနီးမှာ  ပစ်ထားတဲ့ ဗုံးသီးဟောင်းတလုံးကို ဖေဖော်ဝါရီ ၁၉ ရက်မနက်ပိုင်းက ကလေးငယ်တွေက  ထုရိုက်ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
အဆိုပါပေါက်ကွဲမှုကြောင့် မောင်အောင်လင်းဦး ၁၄ နှစ်နဲ့  မောင်ဟိုအိုက်ယို ၁၂ နှစ်တို့ ထိခိုက်ဒဏ်ရာတွေ အသီးသီးရရှိခဲ့လို့  တပ်မတော်စစ်ကြောင်း ဆေးအဖွဲ့က မူဆယ်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုပေးနေတယ်လို့ တပ်မတော်ကာရွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

No comments:

Powered by Blogger.