Header Ads

Breaking News
recent

မိုဆူးလ်မြို့အနောက်ပိုင်း ပြန်လည်သိမ်းပိုက်နိုင်ရေး အီရတ်တပ်ဖွဲ့များ စစ်ဆင်ရေးစတင် (ရုပ်သံ)




အီရတ်နိုင်ငံ မြောက်ပိုင်းမှာ အိုင်အက်စ် အကြမ်းဖက်တွေ သိမ်းပိုက်ထားတဲ့ မိုဆူးလ်မြို့အနောက်ပိုင်း စစ်ဆင်ရေးကို အီရတ်အစိုးရတပ်ဖွဲ့တွေ ဖေဖော်ဝါရီ ၁၉ ရက်နေ့က စတင်လိုက်ကြပါတယ်။
ရာနဲ့ချီတဲ့ အီရတ်တိုက်ခိုက်ရေးယာဉ်တွေဟာ တိုက်လေယာဉ်တွေရဲ့ အကူအညီနဲ့ အိုင်အက်စ် အကြမ်းဖက် စစ်ရေးပစ်မှတ်တွေဆီ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက်မစောပိုင်းက စပြီး ချီတက်သွားကြတာပါ။
စစ်ဆင်ရေးစစချင်း နာရီပိုင်းမှာပဲ မြို့တောင်ဘက်က မိုဆူးလ်မြို့ လေဆိပ်မတိုင်ခင်က ကျေးရွာ ၂ ရွာကို သိမ်းပိုက်ရရှိတယ်လို့ အီရတ်ထိပ်တန်းတပ်မှူးတဦးက ပြောပါတယ်။
မိုဆူးလ်မြို့ အနောက်ပိုင်း ထိုးစစ်စတင်မှုကို အီရတ်ဝန်ကြီးချုပ် အယ်လ် အဘာဒီက ဖေဖော်ဝါရီ ၁၉ ရက်နေ့ အစောပိုင်းက တရားဝင်ကြေညာခဲ့တာပါ။
မိုဆူးလ်မြို့အရှေ့ပိုင်းကိုတော့ အီရတ်တပ်ဖွဲ့ဝင်တွေ ပြီးခဲ့တဲ့လက သိမ်းပိုက်ရရှိခဲ့ကြပေမယ့် တိုက်ကရစ်မြစ်အနောက်ပိုင်းဟာ လမ်းကျိုလမ်းကြားတွေက ပိုများတဲ့အတွက် ပိုခက်ခဲမယ်လို့ အီရတ်အရာရှိတွေက ပြောဆိုပါတယ်။
မိုဆူးမြို့အနောက်ပိုင်းမှာ အရပ်သား ၆ သိန်းခွဲလောက် နေထိုင်နေကြတဲ့အတွက် အရပ်သားတွေ တိုက်ပွဲတွေအကြား ပိတ်မိကြမှာကို ကုလသမဂ္ဂက စိုးရိမ်ပူပန်တယ်လို့ ပြောပါတယ်။
စစ်ဆင်ရေးစတင်တဲ့အကြောင်း သတိပေးစာရွက်တွေကိုလည်း မြို့အနောက်ပိုင်း အရပ်သားတွေကို ဖြန့်ဝေထားပြီးပြီလို့ အီရတ်အာဏာပိုင်တွေက ပြောပါတယ်။
မိုဆူးလ်မြို့ဟာ အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြောက်ပိုင်းမြို့ကြီးဖြစ်ပြီး အိုင်အက်စ် အကြမ်းဖက်တွေရဲ့ အမာခံမြို့ကြီးလည်း ဖြစ်ပါတယ်။

No comments:

Powered by Blogger.