Header Ads

Breaking News
recent

နှာခေါင်းပိတ်တာကို သက်သာစေနိုင်မယ့် နည်း (၄) ခု



နှာခေါင်းပိတ်တာကို သက်သာစေနိုင်မယ့်နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။ နှာရှုဘူးတွေက အရမ်းရှုရင် နှာခေါင်းမွေးလေးတွေ ပါးကုန်တတ်ပါတယ်။ ဒါက သင့် နှာခေါင်းပေါက်ကနေ အမှုန်တွေ ရောဂါပိုးတွေကို ဝင်ဖို့ အခွင့်အရေး ပိုပေးလိုက်သလိုဖြစ်စေနိုင်တာမို့ အမြဲတမ်း မရှုသင့်ပါဘူး။ 

(၁)­ ယူကလစ်ရွက်

ယူကလစ်ရွက်တွေကို ပြုတ်ပါ။ ထွက်လာတဲ့ အငွေ့ကို ပြင်းပြင်းရှူပါ။ နှာခေါင်းပိတ်နေတာကို သက်သာစေနိုင်ပြီး အသက်ရှူလမ်းကြောင်းကို ရှင်းပေးနိုင်ပါတယ်။

(၂)­ ပန်းသီးဗနီဂါ

ပန်းသီးဗနီဂါ စားပွဲတင်ဇွန်း (၂) ဇွန်းနှင့်ပျားရည် စားပွဲတင်ဇွန်း (၂) ဇွန်းတို့ကို ရေ (၁)ခွက်ထဲမှာ ထည့်မွှေပါ။ (၃) မိနစ်ခန့်ထားပြီး သောက်လိုက်ပါ။

(၃)­ ရေနွေးငွေ့

ရေနွေးပွက်ပွက်ဆူတဲ့အခါ ထွက်လာတဲ့ အငွေ့ကို ရှူပါ။ ရှူတဲ့အခါမှာ အပူမလောင်အောင် တဘက်အသေးတစ်ထည် ခံပြီး ရှူပါ။ နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။

(၄) ရေနံဆီ

ရေနံဆီကို ခြေဖဝါးနှစ်ဖက်မှာ သေချာစွတ်ပြီး ပွတ်ပေးပါ။ နှာခေါင်းနှာရိုးအထက်နေရာမှာလည်း ဂွမ်းစနဲ့ သုတ်ပေးထားလိုက်ပါ။ စောင်နဲ့ ခြေထောက်ကို ခြုံပေးထားရင် ခဏနေ သက်သာသွားပါတယ်။ 

နှာခေါင်းပိတ်နေတာကို အတင်း မမှုတ်ရပါဘူး။ နှာခေါင်းတွင်း အခေါင်းမှာ ဒဏ်ရာလို ဖြစ်သွားတတ်ပြီး ကြာရင် ထိပ်ကပ်နာ ဖြစ်တတ်ပါတယ်။

No comments:

Powered by Blogger.