အမေရိကန်ဦးဆောင်ပြီး တောင်တရုတ်ပင်လယ် ရေတပ်စစ်ရေးလေ့ကျင့် (ရုပ်သံ)
အမေရိကန်လေယာဉ်တင်စစ်သင်္ဘော Carl Vinson ဦးဆောင်ပြီး တောင်တရုတ်ပင်လယ် အတွင်း ရေတပ်စစ်ရေး လေ့ကျင့်မှုတွေကို စနေနေ့က စတင်လိုက်ပါတယ်။
အမေရိကန်ရေတပ်ကတော့ ပုံမှန်စစ်ရေးလေ့ကျင့်မှု လို့ပြောဆိုထားပြီး တိုက်သင်္ဘောဖျက် သင်္ဘောအုပ်တွေလည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့တပတ်က တောင်တရုတ် ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ အချုပ်အချာပိုင်ဆိုင်မှုကို မကဲမစမ်းဖို့ အမေရိကန်အစိုးရကို တရုတ်အစိုးရက သတိပေးခဲ့တာပါ။
တောင်တရုတ်ပင်လယ်အတွင်းမှာ ကျွန်းငယ်တွေကို တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ ကြေညာထားပြီး အဲဒီကျွန်းပေါ်တွေ ချဲ့ထွင်ပြီး လေယာဉ်ပြေးလမ်းတွေကိုလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်နိုင်ငံက တည်ဆောက်ခဲ့တာပါ။
အခုရေတပ်စစ်ရေးလေ့ကျင့်မှုတွေကို ဦးဆောင်တဲ့ လေယာဉ်တင်သင်္ဘော Carl Vinson ဟာ ပြီးခဲ့တဲ့ ၂ နှစ်က မလေးရှားရေတပ်၊ လေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့ နောက်ဆုံးရောက်ရှိခဲ့ပြီး စစ်သင်္ဘောရဲ့ ၃၅ နှစ်ကြာသက်တမ်းအတွင်း တောင်တရုတ်ပင်လယ်ထဲ ၁၆ ကြိမ် ၀င်ရောက်ဖူးပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း တရုတ်က နယ်မြေသိမ်းပိုက်မှုကို ဟန့်တားရမယ်လို့ အမေရိကန်အစိုးရသစ်က တက်လာပြီး မကြာခင်မှာပဲ ပြောဆိုထားတာပါ။
ဒါကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရကလည်း တရုတ်နိုင်ငံရဲ့ လုံခြုံရေးနဲ့ အချုပ်အချာအာဏာပိုင်ဆိုင်မှုကို အမေရိကန်က မစိန်ခေါ်ဖို့ ပြီးခဲ့တဲ့တပတ် ဗုဒ္ဓဟူးနေ့က တိုက်တွန်းခဲ့တာပါ
No comments: