Header Ads

Breaking News
recent

အမေရိကန်က ထူးခြားသဘာဝဖြစ်စဉ် မီးရေတံခွန် (ရုပ်သံ)




အမေရိကန်နိုင်ငံ Yosemite အမျိုးသားပန်းခြံမှာ “မီးရေတံခွန်” လို့ လူသိများတဲ့ ထူးခြား သဘာဝဖြစ်စဉ် တစ်ခုကို အခုရက်တွေအတွင်း မြင်ရတယ်လို့ စီဂျီတီအန်သတင်းမှာ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က ဖော်ပြထားပါတယ်။.
နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလအတွင်းမှသာ ဖြစ်တတ်တဲ့ အင်မတန်ထူးခြားတဲ့ မြင်ကွင်းဟာ ရက်အနည်းငယ်ပဲ မြင်ရလေ့ရှိပြီး နေရောင်မှ ငွေရောင်အလင်းတန်းကျဉ်းလေးတစ်ခုက ရေတံခွန်ပေါ် ကျရောက်ပြီး အဲ့ဒီအချိန်တွေဆိုရင် မီးတောင်ကြီးပေါ်က ချော်ရည်ပူတွေ စီးဆင်းကျလာသလိုမျိုး တောက်ပတဲ့ လိမ္မော်ရောင်နဲ့ အနီရောင် ထွက်နေတဲ့ ရေတံခွန်ကို တွေ့မြင်ရတာပါ။
ဒီလို အင်မတန်ထူးခြားလှပတဲ့ မြင်ကွင်းကို ရိုက်ကူးနိုင်ဖို့ ကမ္ဘာတစ်ဝှမ်းက ရာပေါင်းများစွာသော ဧည့်သည်တွေနဲ့ ဓာတ်ပုံဆရာတွေဟာ နှစ်စဉ်နှစ်တိုင်း Yosemite အမျိုးသားပန်းခြံကို လာရောက်လည်ပတ်ကြတယ်လို့ သိရပါတယ်။

No comments:

Powered by Blogger.