Header Ads

Breaking News
recent

ဒေါ်နယ်ထရန့်နဲ့ပုံစံတူ အမျိုးသားတွေကို အလိုရှိနေတဲ့ အပြာဝက်ဆိုဒ် ...!


အမေရိကန်သမ္မတအသစ်အဖြစ် ရွေးကောက်တင်မြောက်ခံရတဲ့ ဒေါ်နယ်ထရန့်ကတော့ နယ်ပယ်အသီးသီးမှာ အမျိုးမျိုးသောပုံစံနဲ့ ကျော်ကြားနေရသလို အခုအခါမှာလည်း ပုရိဿသတို့အကြိုက် အပြာဝက်ဆိုဒ်တစ်ခုကနေ ထရန့်နဲ့ပုံစံတူ အမျိုးသားများကို အလိုရှိနေကြောင်း သိရပါတယ်။

 xHamster လို့အမည်ရတဲ့ နာမည်ကျော် အပြာဖျော်ဖြေရေးဝက်ဆိုဒ်ကြီးကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလ
ကတည်းကစတင်ပြီး ဒေါ်နယ်ထရန်နဲ့ပုံစံတူ အပြာမင်းသားများကို ရှာဖွေခဲ့တာဖြစ်ပါတယ်။ xHamster ရဲ့ ရှာဖွေမှုကို လူအများအပြားစိတ်ဝင်စားခဲ့လို့ လာရောက်လျှောက်ထားသူတွေ အတော်လေးကို များပြားခဲ့ရပါတယ်။ ဒီလို လာရောက်လျှောက်ထားသူမျာထဲက ပရိသတ်မဲပေးမှုအများဆုံးသုံးယောက်ကို
 ဇကာတင်ရွေးချယ်ပြီး ဒီသုံးယောက်ထဲကမှ မဲအများဆုံးရသူကို ထရန့်ရဲ့သမ္မတသက်တမ်း ရက်တစ်ရာပြည့်တဲ့နေ့မှာ ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။

  xHamster ရဲ့ မင်းသားအဖြစ် ရွေးချယ်ခံရမယ့်သူဟာ ဒေါ်နယ်ထရန်နဲ့ မျက်နှာပေါက်ချင်းဆင်တူနေရုံ
သာမက အနည်းဆုံးတစ်ကြိမ်ခန့်လောက် ကင်မရာအရှေ့မှာ လိင်ဖျော်ဖြေပြရမှာဖြစ်ပါတယ်။
 ရွေးချယ်ခံရတဲ့မင်းသားကတော့ အမေရိကန်သမ္မတတစ်ယောက်ရဲ့ သက်တမ်းအတိုင်း လေးနှစ်ခန့် ပါဝင်သရုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ xHamster ကတော့ သူတို့ရွေးချယ်မယ့်မင်းသားဟာ
တခြားအပြာမင်းသားတွေထက်သာမက ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတဒေါ်နယ်ထရန့်ထက် ကျန်းမာရေးအဓိကကောင်းသူဖြစ်ရမယ့် ရည်ရွှယ်ထားပါတယ်ခင်ဗျာ။

No comments:

Powered by Blogger.