ရခိုင်ပြည်နယ်အတွက် ဂျပန်နိုင်ငံမှ နှစ်ထပ်အမြန်ယာဉ် ၁ စီး လွှဲပြောင်းပေးအပ်
ရခိုင်ပြည်နယ်အတွင်း ရေကြောင်းပို့ဆောင်ရေးခရီးမှာ ဘေးကင်းစိတ်ချလုံခြုံစွာ သွားလာနိုင်ဖို့ ဂျပန်နိုင်ငံကနေ လူစီးသီးသန့် နှစ်ထပ်အမြန်ရေယာဉ်တစ်စီးကို စစ်တွေမြို့မှာ ဒီနေ့ မနက်က လွှဲပြောင်းပေးအပ်လိုက်ပါတယ်။
ကစ္ဆပနဒီ (၁) လို့ အမည်ပေးထားတဲ့ ဒီအမြန်ရေယာဉ်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr- Tateshi HIGUCHI အပါအဝင် JiCA အဖွဲ့မှ တာဝန်ရှိသူများ ကိုယ်တိုင်လာရောက်ပြီး ရခိုင်ပြည်နယ် ရေကြောင်းဌာနခွဲကို လွှဲပြောင်းပေးခဲ့တာပါ။
အဲ့ဒီနှစ်ထပ်အမြန်ရေယာဉ်ကို ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လက်ခံခဲ့တာပါ။
ဂျပန်နိုင်ငံ JICA ဖောင်းဒေးရှင်းက ရခိုင်ပြည်နယ်အတွက် ကစ္ဆပနဒီလို့ အမည်ပေးထားတဲ့ အမြန် ရေယာဉ် နှစ်ထပ်နှစ်စီး လှူဒါန်မှာဖြစ်ပြီးတော့ ကစ္ဆပနဒီ(၂)လို့ အမည်ပေးထားတဲ့ အမြန်ရေယာဉ်ကတော့ လာမယ့် မေလကုန်မှာ ထပ်မံရောက်ရှိလာမှာဖြစ်ပါတယ်။
ကစ္ဆပနဒီ (၃) လို့ အမည်ပေးထားတဲ့ အမြန်ရေနောက်တစီးကို လာမယ့်နှစ် ဒီဇင်ဘာမှာ ရောက်ရှိလာ မှာ ဖြစ်ပြီး ကစ္ဆပနဒီ(၁) (၂) ကတော့ ဂျပန်ယန်း သန်း ၅၀၀ နီးပါးတန်ဖိုးရှိတယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံ JICA ဖောင်းဒေးရှင်းက လှူဒါန်းတဲ့ အမြန်ရေယာဉ်ဟာမတ် ၁၄ ရက်က ကျောက်ဖြူ ငလပွေ့ ဆိပ်ကမ်းကို ရောက်ရှိခဲ့ပြီး ဒီအမြန်ရေယာဉ်ကိုတော့ စစ်တွေ-မြေပုံ-ကျောက်ဖြူ-ရမ်းဗြဲ-တောင်ကုတ် စတဲ့မြို့နယ်တွေကို ပြေးဆွဲသွားဖြစ်ပါတယ်။
No comments: