Header Ads

Breaking News
recent

ကမ္ဘာ့အဝဆုံး အီဂျစ်နိုင်ငံသူ ကိုယ်အလေးချိန် လျှော့ချခွဲစိတ်မှု ပြီးစီး



ကမ္ဘာ့အဝဆုံးလူသားလို့ ယုံကြည်ရတဲ့ အီဂျစ်နိုင်ငံသူကို အိန္ဒိယနိုင်ငံမှာ ကိုယ်အလေးချိန် လျှော့ချဖို့ ခွဲစိတ်မှု ပြီးစီးသွားပြီလို့ ဆရာဝန်တွေက မတ်လ ၉ ရက်နေ့မှာ ပြောပါတယ်။
ကီလိုဂရမ် ၅၀၀ ရှိတဲ့ အသက် ၃၆ နှစ်အရွယ် အီဂျစ်နိုင်ငံသူ အီမန် (Eman) ကို မွမ်ဘိုင်းမြို့က ဆိုင်ဖီဆေးရုံမှာ ကိုယ်အလေးချိန် လျှော့ချခွဲစိတ်မှု လုပ်ခဲ့ပြီး လက်ရှိ ကီလို ၁၀၀ လောက် လျှော့ချနိုင်ခဲ့တယ်လို့ ဆေးရုံပြောခွင့်ရသူက ဆိုပါတယ်။
သူမ အီဂျစ်နိုင်ငံကို အမြန်ဆုံးပြန်နိုင်အောင်နဲ့ ပုံမှန်အတိုင်း ပြန်ဖြစ်လာအောင် ကြိုးစားနေတယ်လို့လည်း ဆေးရုံက ပြောပါတယ်။
အီမန်ဟာ သူ ဝိတ်ချခွဲစိတ်မှုလုပ်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက စင်းလုံးငှားလေယာဉ်နဲ့ အိန္ဒိယနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပြီး သူ ၂၅ နှစ်အတွင်း ပထမဆုံး အိမ်ကထွက်ခြင်းပဲလို့ သူ့ရဲ့မိသားစုက ပြောပါတယ်။
ခွဲစိတ်မှုအောင်မြင်တဲ့အတွက် လာမယ့်လတွေမှာလည်း သူ ထပ်ပြီး ဝိတ်ကျလာမယ်လို့ ထင်ကြောင်း အီမန်ရဲ့မိသားစု ပြောခွင့်ရသူက ဆိုပါတယ်။
အီမန်ကို အိန္ဒိယနိုင်ငံက နာမည်ကျော် ဝိတ်လျှော့ခွဲစိတ်မှု ဆရာဝန်တဦးနဲ့ အဖွဲ့က ခွဲစိတ်ပေးခဲ့တာ ဖြစ်ပါတယ်။

No comments:

Powered by Blogger.