Header Ads

Breaking News
recent

စနစ်တကျမျိုးထုတ်မည့် ငါးရှဥ့်သုတေသနစခန်း ရန်ကုန်တွင် ဖွင့်လှစ်မည်



ငါးရှဥ့် စနစ်တကျ မျိုးထုတ်မယ့် ငါးရှဥ့်သုတေသန စခန်းတစ်ခုကို ရန်ကုန်တိုင်းမှာ ဖွင့်လှစ်ဖို့ ရှိတယ်လို့ ငါးရှဥ့်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌက ပြောပါတယ်။
ဗီယက်နိုင်ငံရဲ့ နည်းပညာ အကူအညီနဲ့ အခုလို သုတေသန စခန်းကို ဖွင့်လှစ်မှာ ဖြစ်ပြီး ဒီငါးရှဥ့် သုတေသနစခန်းက ပြည်ပတင်ပို့နိုင်မယ့် အရည်အသွေးဖြစ်ဖို့ စမ်းသပ်မယ်လို့ မြန်မာနိုင်ငံ ငါးရှဥ့်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောပါတယ်။
လတ်တလောမှာ သဘာဝငါးရှဥ့်ကို တနိုင်တပိုင် ငါးရှဥ့် မွေးမြူရေးလုပ်ငန်းတွေ လုပ်ပေမယ့် မှိုရောဂါကျပြီး သေကျေ ပျက်စီးနေလို့ အရင်နှစ်ကထက် ထက်ဝက်ကျော် ပြည်ပတင်ပို့မှု လျော့ကျခဲ့ပါတယ်။
ငါးရှဥ့်ကို တရုတ်နိုင်ငံ အဓိက တင်ပို့ပြီးတော့ မနှစ်က ငါးရှဥ့်တန်ချိန် ၇၀၀၀ ကျော် တင်ပို့ခဲ့တာပါ။

No comments:

Powered by Blogger.