Header Ads

Breaking News
recent

သင်္ကြန်နားရက် ၁၀ ရက်ရရှိအောင် အထူးအစီအစဉ်ဆောင်ရွက်နေဟု သမ္မတရုံးထုတ်ပြန်



မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလ အစိုးရရုံးပိတ်ရက်ဟာ ၅ ရက်ဖြစ်ပေမယ့် ၀န်ထမ်းတွေ အနားယူ ကာလ ၁၀ ရက်တိတိ ရရှိခံစားနိုင်စေဖို့ အထူးအစီအစဉ်အဖြစ် စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ နိုင်ငံတော် သမ္မတရုံးက မတ်လ ၉ ရက်နေ့က ကြေညာပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ နှစ်သစ်ကူးမှာ ရေကစားတာ၊ စေတီပုထိုးတွေမှာ ရေသပ္ပာယ်တာ၊ ကျောင်းကန်ဘုရားတွေမှာ ဥပုသ်သီတင်းဆောက်တည်တာ၊ ဘိုးဘွားမိဘတွေကို ကန်တော့တာနဲ့ အနားယူအပန်းဖြေနိုင်ဖို့ အတွက် ရုံးပိတ်ရက် ၁၀ ရက်ရရှိခံစားတဲ့နည်းတူ ရုံးပိတ်ရက် ၅ ဖြစ်ပေမယ့် အနားယူ ရက် ၁၀ ရက်ဖြစ်အောင် စီစဉ်ဆောင်ရွက်နေလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီအစီအစဉ်ဟာ အခုနှစ်အတွက်သာ အထူးအစီအစဉ်အဖြစ်ဆောင်ရွက်ပေးတာဖြစ်တယ် လို့လည်း ဆိုပါတယ်။
အစိုးရဝန်​ထမ်း​တွေအတွက်​ နားရက် ၁၀ ရက်​ ရ​အောင်​ အုပ်​ချုပ်မှုနည်းလမ်းနဲ့ စီစဉ်​​ပေးမယ်လို့ သမ္မတရုံး ယာယီညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးပါတယ်။
“သင်္ကြန်​ပိတ်​ရက်​ ၅ ရက်​ဖြစ်​ပါမယ်။ ဘဏ်​ပိတ်​ရက်​၊ အစိုးရရုံးပိတ်​ရက်​ ၅ ရက်​ပဲ ဖြစ်​ပါမယ်​။ ဝန်​ထမ်း​တွေအတွက်​ ၁၀ ရက်​ ရ​အောင်​ အုပ်​ချုပ်မှုနည်းလမ်းနဲ့ စီစဉ်​​ပေးပါမယ်​။ ဒီနှစ်​အတွက်​ပဲ ဖြစ်​ပါတယ်​။ ကြိုတင်​ပြီး စီစဉ်​ထားတာ​တွေ မပျက်​​အောင်​ အထူးအစီအစဉ်​ လုပ်​​ပေးတဲ့သ​ဘောပါ။ သင်္ကြန်​ကာလ ရုံးပိတ်​ရက်​ ၅ ရက်​အဖြစ်​ အများပြည်​သူရုံးပိတ်​ရက်​ ပြင်​ဆင်​သတ်​မှတ်​ပါမယ်​။ ​နောက်​နှစ်​​တော့ မူလကတည်းက ၅ ရက်​ပဲ ဖြစ်​ပါမယ်​။”


အရင်က သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက် ၁၀ ရက်သတ်မှတ်ထားရှိခဲ့ရာမှာ ရုံးပိတ်ရက်၊ ဘဏ်ပိတ်ရက် ကာလရက်ရှည်ဖြစ်နေလို့ နိုင်ငံတကာနဲ့ ရုံးလုပ်ငန်းတွေဆက်သွယ်ဆောင်ရွက်ရာမှာ အခက်အခဲတွေဖြစ်ပေါ်တာ၊ သယ်ယူပို့ဆောင်ရေးနဲ့ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးကြံ့ကြာ တာတွေရှိလို့ ၂၀၁၇ ရုံးပိတ်ရက်ကို ပြင်ဆင်သတ်မှတ်သင့်မသင့် ၀န်ကြီးဌာနတွေထံ အစိုးရက သဘောထားတောင်းခံခဲ့ပြီးနောက် ခုလို အစိုးရထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

No comments:

Powered by Blogger.