Header Ads

Breaking News
recent

ပတ်ဂွန်ဟေးကို တောင်ကိုရီးယားသမ္မတရာထူးမှ ဖယ်ရှား



တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးကို လာဘ်စားမှုနဲ့ သံသယရှိတဲ့အတွက် သမ္မတရာထူးကနေ အပြီးတိုင် ဖယ်ရှားလိုက်ကြောင်း တောင်ကိုရီးယား ဖွဲ့စည်းပုံတရားရုံးက မတ်လ ၁၀ ရက် ဒီနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
သမ္မတပတ်ကို လာဘ်စားမှုနဲ့ သံသယရှိတာကြောင့် ရာထူးကနေဖယ်ရှားဖို့ တောင်ကိုရီးယား လွှတ်တော်နှစ်ရပ်လုံးက ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ဆုံးဖြတ်ခဲ့တဲ့အတွက် ဒီကိစ္စကို နိုင်ငံရေးအရ အမြင့်ဆုံး ဖွဲ့စည်းပုံတရားရုံးက ဆက်လက်စစ်ဆေးနေတာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ သမ္မတပတ်ကို ရာထူးကနေ အပြီးတိုင်ဖယ်ရှားလိုက်တာဟာ တိုင်းပြည်အတွက် ကြီးမားတဲ့ အကျိုးရလဒ်ကို ဖြစ်စေနိုင်မယ်လို့ ဖွဲ့စည်းပုံတရားရုံးရှိ တရားသူကြီး အားလုံးက ခြွင်းချက်မရှိ ဆုံးဖြတ်ခဲ့ကြပါတယ်။
သူ့ကို လာဘ်စားမှုနဲ့ ဆက်ပြီး စွဲချက်တင်မတင် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အသက် ၆၅ နှစ်အရွယ်ရှိ သမ္မတပတ်ဟာ အရင်းနှီးဆုံးမိတ်ဆွေ ချိုအီစွန်းစီနဲ့ ပူးပေါင်းပြီး သူနဲ့ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေကို ရန်ပုံငွေထည့်ဝင်ဖို့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ဖိအားပေးခဲ့တယ်လို့ အတိုက်အခံတွေက စွပ်စွဲပါတယ်။
အဲဒီအထဲမှာ တောင်ကိုရီးယား အကြီးဆုံးလုပ်ငန်းတခုဖြစ်တဲ့  ဆမ်ဆောင်းကုမ္ပဏီအုပ်စုလည်း ပါဝင်ပြီး ကိုရီးယားဝမ်ငွေ သန်း ထောင်နဲ့ချီပြီး သမ္မတပတ်နဲ့ ချိုအီစွန်းစီလ်ကို လာဘ်ထိုးခဲ့ကြောင်း ဒီကနေ့ ဆိုးလ်မြို့က ပေးပို့တဲ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Powered by Blogger.