Header Ads

Breaking News
recent

လိပ်ကျွန်းတွင် နိုင်ငံခြားသူ ၁ ဦး ၂ ပတ်ကျော် ပျောက်ဆုံးနေ


ထိုင်းတောင်ပိုင်း  ဆူရတ်ဌာနီခရိုင် ကော်ဖငန်းမြို့နယ် ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ ကမ္ဘာလှည့် ခရီးသွား နိုင်ငံခြားသူတဦး နှစ်ပတ်ကျော်ပျောက်ဆုံးနေတယ်လို့  သနေးရှင်းတီဗွီသတင်းမှာ ဖော်ပြပါ တယ်။
အသက် ၂၃ နှစ်ရွယ်  ရုရှားသူ  Valentina Novozhennova ဆိုသူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ခိုတောင်ကျွန်း ရပ်ကွက် ၃ ရှိ ခိုတောင်ဟိုတယ်မှာ လာရောက်တည်းခိုပြီး  ဖေဖော်ဝါရီလ ၁၅ ရက်နောက်ပိုင်းမှာ သူမကို မတွေ့ရတော့ဘူးလို့  ဟိုတယ်ဝန်ထမ်းတွေက ပြောပါတယ်။
သူမရဲ့အခန်းထဲမှာတော့ သူမပိုင်ဆိုင်တဲ့ပစ္စည်းတွေ ဒီအတိုင်းဘဲရှိနေကြောင်း၊ ရဲတပ်ဖွဲ့ တာဝန်ရှိသူနဲ့ ကယ်ဆယ်ရေးလုပ်သားတွေဟာ သူ့ကို ရေထဲမှာ၊ ကျောက်ဆောင်ကြားမှာ၊ ကုန်းပေါ်မှာနဲ့ တောင်ကုန်းတွေမှာပါ လိုက်လံရှာဖွေပေမယ့် မတွေ့သေးဘူးလို့ ဆိုပါတယ်။
ဗလဲန်တီနာဟာ  ရေငုပ်ခြင်းကို နှစ်သက်သူလို့သိထားတဲ့အတွက် တဘက်အပြာရောင်နဲ့  ရေငုပ် ကရိယာကို  အဓိကထားရှာဖွေသလို ဒီကနေ့ မတ်လ ၇ ရက်နေ့မှာလည်း ရေငုတ်သမား ၂၀ ဦးနဲ့ ရေထဲမှာ လိုက်လံရှာဖွေနေတယ်လို့  ခိုတောင်နယ်မြေရဲစခန်း ရဲမှူးကြီး ချုတ်ချိုင်း ဆွတ်ထိမိတ်ဆွန်က သတင်းထောက်တွေကို ပြောပါတယ်။
သူမပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေဘယ်အရာကိုမှ ချန်ထားတာ မရှိသေးကြောင်း၊ ဒါပေမယ့် ရဲတပ်ဖွဲ့က မတော်တဆထိခိုက်မှုဖြစ်နိုင်ခြေပေါ်မှာ အလေးထားပြီး ထင်ကြေးပေးနေကြ တယ်လို့  သတင်းမှာ ဖော်ပြသွားပါတယ်။

No comments:

Powered by Blogger.