ထိုင်းဘုရင့်ဖလား ဆင်စီးပိုလိုပြိုင်ပွဲ ကျင်းပ (ရုပ်သံ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မတ်လ ၉ ရက်နေ့က ၂၀၁၇ ထိုင်းဘုရင့်ဖလား ဆင်စီးပိုလိုပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။
ဆင်မျိုးနွယ်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ပြုလုပ်တဲ့ ရန်ပုံငွေပွဲမှာ လေ့ကျင့်ပေးထားတဲ့ ဆင်ကောင်ရေ ၃၀ လောက် ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။
ယှဉ်ပြိုင်ပုံကတော့ ဆင်ဦးစီးက ဆင်ကိုထိန်းနေချိန်မှာ ကစားသမားက သာမန် ပိုလိုရိုက်တံထက် ပိုရှည်တဲ့ ရိုက်တံနဲ့ ဘောလုံးကို ရိုက်ကစားတာပဲ ဖြစ်ပါတယ်။
ဆင်စီးပိုလိုပြိုင်ပွဲကို ၂၀၀၁ ခုနှစ်က ဟွာဟင်း ပင်လယ်ကမ်းခြေမြို့လေးမှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ကမ္ဘာအနှံ့က ပိုလိုဝါသနာအိုးတွေနဲ့ ကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။
အဲဒီပြိုင်ပွဲမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက အလှူငွေထည့်ဝင်ကြပြီး တခါတရံ နာမည်ကြီးပုဂ္ဂိုလ်တွေလည်း ပါဝင်ယှဉ်ပြိုင်ကြပါတယ်။
ပြိုင်ပွဲစီစဉ်သူတဦးဖြစ်တဲ့ တင်မ်ဘိုဒါက မိမိတို့အနေနဲ့ အခုချိန်ထိ အလှူငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းကျော် ကောက်ခံရရှိထားတယ်လို့ ပြောပါတယ်။
အဲဒီငွေတွေကို ထိုင်းနိုင်ငံမှာရှိတဲ့ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး ပရောဂျက်တွေမှာ အသုံးပြုမယ်လို့ သိရပ
No comments: