Header Ads

Breaking News
recent

သာစည်ကျေးရွာတွင် အဘိုးအို ၁ ဦး ဓားဒဏ်ရာဖြင့်သေဆုံး



ကလေးမြို့ တောင်ဘက်မှာ ရှိတဲ့ သာစည်ရွာအနီးက လယ်တဲတစ်ခုမှာ ဒီနေ့ မနက်ပိုင်းက အသက် ၆၀ ကျော်အရွယ် အဘိုးအိုတဦး ဓားဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့လို့ မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။
သေဆုံးသူ အဘိုးအိုရဲ့ အလုပ်ရှင်ဖြစ်သူ ဦးဝင်းဘိုက တရားလိုပြုလုပ် တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ဦးဝင်းဘိုဆီမှာ ပခုက္ကူနယ်ကနေလာရောက်ပြီး စာရင်းငှားလုပ်နေတဲ့ သေဆုံးသူ ဦးခင်အောင်ဟာ မသေဆုံးခင်မနေ့က လယ်တဲမှာ အသက် ၃၀ လောက်အရွယ် အမျိုးသားတဦးနဲ့အတူ ညဘက်အချိန်မှာ အရက်အတူသောက်နေတာကို တွေ့ခဲ့ရတယ်လို့ သာစည်ရွာက ဦးမောင်ကြည်က ဆိုပါတယ်။
ဦးခင်အောင်ဟာ လည်ပင်းမှာ ဓားခုတ်ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်ပြီး မသေဆုံးခင် ညက သူနဲ့အတူ တွေ့ခဲ့တဲ့သူဟာ ကလေးနယ် စက္ကန့်ရွာက အမည်မသိ အမျိုးသားတဦးဖြစ်ပြီး ရိတ်သိမ်းပြီးခါစ လယ်ကွင်းတွေမှာ ကြွက်ထောင် ကြွက်ပစ်ရန် ရောက်လာသူ ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရပါတယ်။
လတ်တလောမှာတော့ ဦးခင်အောင် သေဆုံးမှုနဲ့ ပတ်သက်ပြီး သတ်ဖြတ်ခဲ့သူ တရားခံကိုတော့ ကလေးမြို့ မြို့မရဲတပ်ဖွဲ့က ရာဇသတ်ကြီးပုဒ်မ ၄၀၂ နဲ့ အမှုဖွင့် စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။

No comments:

Powered by Blogger.