Header Ads

Breaking News
recent

တောင်ကိုရီးယားတွင် အဆင့်မြင့်ဒုံးခွင်းဒုံးစနစ် တည်ဆောက်မည့်အစီအစဉ် အမေရိကန် စတင်


မြောက်ကိုရီးယားဘက်က နျူကလီးယားဒုံးလက်နက် စမ်းသပ်ချက်အပြီး တောင်ကိုရီးယားမှာ အဆင့်မြင့်ဒုံးခွင်းဒုံးစနစ် တည်ဆောက်မယ့် အစီအစဉ်ကို အမေရိကန်ဘက်က ချက်ချင်းစတင်လိုက်ပြီဖြစ်ကြောင်း အမေရိကန်လေတပ် ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲက မတ်လ ၇ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
အဲ့ဒီအစီအစဉ်ကို အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ် (THAAD) လို့ အမည်ပေးထားပြီး အဲ့ဒီအစီအစဉ်ရဲ့ ပထမအဆင့် အစိတ်အပိုင်းတွေ တောင်ကိုရီးယားနိုင်ငံ ပြုံးတက်မြို့ရှိ အိုဆန် လေတပ်စခန်းဆီ မတ်လ ၇ ရက်နေ့က ရောက်ရှိလာပုံကို အမေရိကန်လေတပ်ဌာနချုပ်က ပြသခဲ့ပါတယ်။
အမေရိကန်ဘက်က အခုလို ကြေညာလိုက်ချိန်မှာပဲ မြောက်ကိုရီးယားအစိုးရပိုင် ရုပ်သံဌာနကလည်း မတ်လ ၆ ရက်နေ့ကလုပ်ခဲ့တဲ့ တာဝေးပစ် နျူကလီးယားဒုံးလက်နက် စမ်းသပ်ချက်တွေကို သမ္မတ ကင်ဂျုံအန်းကိုယ်တိုင် ကြီးကြပ်နေပုံတွေကို ထုတ်လွှင့်ပြသခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

No comments:

Powered by Blogger.