Header Ads

Breaking News
recent

သာစည်မြို့နယ်၊ ရွှေတောင်ကျေးရွာတွင် မီးကြွင်းမီးကျန်မှ နေအိမ် ၂ လုံး မီးလောင်


မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဝက်သိုးကျေးရွာအုပ်စု၊ ရွှေတောင်ကျေးရွာမှာ မတ်လ ၇ ရက် မနက် ၁ နာရီခန့်မှာ ဦးကျော်လှိုင် နေအိမ် အလုပ်သမား နားနေဆောင် ပျဉ်ခင်းမီးဖို မီးကြွင်းမီးကျန်မှ ထရံကို မီးကူးစက်လောင်ခဲ့ရာ သွပ်မိုး ထရံကာ နေအိမ်နောက်တလုံးပါ ကူးပြီးလောင်ခဲ့ပါတယ်။
သာစည်မြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းမှ “သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၄၅ ဦး၊ မီသတ်ကား ၃ စီး၊ ရေဂါလန် ၁၄၀၀ ကျော် သုံးခဲ့ရတယ်။ ဆုံးရှုံးမှုတန်ဖိုး ၃၅၀၀၀ ကျပ် ရှိတယ်။ ၁၅ မိနစ်လောက် မီးငြှိမ်းလိုက်ရတယ်” လို့ ပြောပါတယ်။
“ဝမ်းတွင်းမြို့နယ်နဲ့ သာစည်နယ်စပ်မှာရှိတဲ့ ရွာပါ။ ဝမ်းတွင်းဘက်က မီးသတ်ကား ၂ စီး သွားရတယ်။ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး”လို့ ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးမှူးက ပြောပါတယ်။
မီးပေါ့ဆစွာ သုံးစွဲသူ ဦးကျော်လှိုင်ကို သာစည်မြို့နယ် ဟံဇားရဲစခန်းမှ (ပ)၉/၂၀၁၇ မီးပေါ့ဆပြစ်မှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားပါတယ်။

No comments:

Powered by Blogger.