သီပေါမြို့နယ် ဘော်ကြိုနှင့် ကျင်သီကျေးရွာကြား မိုင်တိုင် (၁၂၃)တွင် ရီမုတ်မိုင်းတစ်လုံးတွေ့ရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ဘော်ကြိုကျေးရွာနှင့် ကျင်သီကျေးရွာကြား မန္တလေး-လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၂၃) အေသုံးလုံးကွေ့ ကျင်သီချောင်းတံတားအနီး ကားလမ်းမကြီး၏တောင်ဘက် ၁၅ ပေခန့်တွင် မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီက လျှပ်စစ်ဝန်ထမ်းတစ်ဦးက ဓာတ်တိုင်ပေါ်တက်၍ လျှပ်စစ်မီးပြင်ရာမှ ဓာတ်တိုင်အနီး ချုံပုတ်အတွင်း၌ အမြင့်ခုနစ်လက်မ၊ ဗြက်လေးလက်မ၊ အလျား ၁ဝ လက်မရှိ ဒေသန္တရမိုင်း (ရီမုတ်မိုင်း)တစ်လုံး တွေ့ရှိခဲ့သည်။
အဆိုပါ တွေ့ရှိရသည့် မိုင်းကို နယ်မြေခံတပ်ရင်းနှင့် မြို့နယ်တာဝန်ရှိသူ များ သွားရောက်စစ်ဆေး၍ Water Bottle နည်းဖြင့် အသက်မဲ့အောင် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
No comments: