Header Ads

Breaking News
recent

ချင်းတွင်းအနောက်ဒေသမှ ရိုးရာနတ်ယုံကြည်သူများ၏ အမေကြီးပွဲ (ခေါ် )အမေရေရင်ပွဲ စတင်ကျင်းပ




''ကန်တော့ခံနန်းလို့ခေါ်တဲ့ ဇီးတောနန်းမှာ ပွဲတော်ကွင်းကြီးက ၇၅ ဧကထက်မနည်းကျယ်ဝန်းပြီး နှစ်စဉ် ဆိုင်ခန်းပေါင်း ၁၅ဝဝ လောက် ခင်းကျင်း လေ့ရှိပါတယ်။ အမေကြီးပွဲဟာ နတ်ဆက် တဲ့ပွဲတင်မက ဈေးရောင်းပွဲတော်အဖြစ် လည်း စိတ်ဝင်စားသူများပါတယ်။ အမေရေရင်ပွဲကို ရောက်ဖူးသူတွေ အနေနဲ့ကတော့ ပေါင်းမိုးလှည်းတွေ ခင်းထားတဲ့ လှည်းပွဲကြီးအဖြစ် မျက်စိ ထဲ ပြေးမြင်မိကြပါလိမ့်မယ်'' ဟု ယင်းမာ ပင်ဒေသခံ ကိုကိုလွင်က ပြောပြသည်။

တပေါင်းလပြည့်နေ့တွင် ပွဲတော် ဖွင့်ပွဲ စသည်။ လပြည့်ကျော် ၃ ရက် တွင် အမေရေရင် နန်းဦး ဆုတောင်းပြည့်ဘုရားတွင် ဆွမ်းကြီး လောင်းပွဲကျင်းပပြီး လပြည့်ကျော် ၄ ရက် နံနက် ၉ နာရီတွင် အမေ ရေရင်မယ်တော်သည် ဝေါယာဉ်ဖြင့် နန်းဦးဆုတောင်းပြည့် ဘုရားကို ဖူးမြော်ကာ မွန်းတည့်ချိန်တွင် အမေ ရေရင် ချိုးရေတော်သုံးသည်။ ရပ်နီး ရပ်ဝေး ဧည့်သည်များအနေဖြင့် လပြည့်ကျော် ၅-၆-၇ ရက်နေ့များတွင် အများဆုံးလာရောက်ကြပြီး လပြည့် ကျော် ၈ ရက်တွင် နန်းသိမ်းအောင်ပွဲ၊ ကနားသိမ်းကျားသိမ်းအောင် ပွဲများ ကျင်းပသည်။

''တစ်နှစ်တစ်ခါဆက်တဲ့ပွဲတော်မှ ရရှိတဲ့ဝင်ငွေ က၂ဝ၁၂ ခုနှစ် စာရင်းတွေ အရ လုပ်ငန်းလေးခုထဲမှာတင် ကျပ်သိန်း ၆ဝဝ ကျော်ရှိတယ်။ နန်းပုံ တော်ရှေ့နဲ့ စောင်းတန်းဆိုင်ခန်းခ ကျပ်သိန်း ၂၁ဝ၊ နန်းဆိုင်းရှေ့နဲ့ ကန်တော့ပွဲကြေး ၅၅ သိန်း၊ ဈေးခန်းမက ငွေကျပ် သိန်း ၁၁ဝ၊ ပျံကျဈေးတန်း ကောက်ရတဲ့ ငွေက ငွေကျပ်သိန်း ၁၁ဝ၊ ကားလိုင်းခက ငွေကျပ် သိန်း ၁၁ဝ နဲ့ ဘီးအပ်လက်ခံခက ငွေကျပ် သိန်း ၃ဝ ရှိပါတယ်။ အမေကြီး ကို အကြောင်းပြု ပြီး ကျင်းပလာတဲ့ ပွဲတော်က ဒေသခံ တွေအတွက် အစောင့်အရှောက်တော့ ပေးနေပါတယ်။ အဲဒီ ပွဲတော်ကရတဲ့ ဝင်ငွေနဲ့ ဒေသ¶ဖြိုးရေးလုပ်ကိုင်နိုင် ခွင့်ရနေတာပါပဲ။ အဲဒါ အမေရေရင် နတ်ရဲ့ အစောင့်အရှောက်ဖြစ်တယ် လို့ မြင်ပါတယ်''ဟု ကိုကိုလွင်က ထပ်လောင်းရှင်းပြသည်။ အမေကြီးနတ် ကို ပူဇော်ပသသူများတွင် ဒေသခံ တောင်သူ၊ ဈေးသည်၊ လက်လုပ် လက်စားကနေ အဝေးမှ နတ်မျိုး နတ်နွယ်များ၊ ကုန်သည်ပွဲစားများ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည်။ နတ်လာဆက်သူများသည် အမေကြီး ထံမှ မျှော်လင့်ချက်များရှိသည်။

 တောင်သူများက သီးနှံအထွက်ကောင်း ရန် ဆုတောင်းကြသလို ကျန်းမာရေး ကောင်းရန် ဆုတောင်းကြသည်။ ပွဲတော် ကာလသည် တောင်သူများ ပဲသိမ်းရာသီ ကျောင်းသားကျောင်းသူများ စာမေးပွဲပြီး ချိန်ဖြစ်နေသဖြင့် အရွယ်စုံ အလွှာစုံဖြင့် စည်ကားသောပွဲတော်ကြီးဖြစ်သည်။ အမေရေရင်ပွဲတော်ကို မုံရွာမြို့ အနောက် ဘက်၊ ချင်းတွင်းမြစ် အနောက်ဘက် ပုလဲမြို့နယ် မောင်းတုံရွာနှင့် ယင်းမာ ပင်မြို့နယ် ဇီးတောရွာတွင် ကျင်းပခြင်း ဖြစ်သည်။

No comments:

Powered by Blogger.