Header Ads

Breaking News
recent

ဝမ်းတွင်းမြို့တွင် လိုက်ထရပ်နှင့် ဆီဘောက်ဆာကားတိုက်မိ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ




မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်း ရန်ကုန်-မန္တလေးလမ်း မိုင်တိုင် ၃၇၇/၃ မှာ မတ်လ ၁၄ ရက် ညနေ ၃ နာရီခွဲလောက်က လိုက်ထရပ်ကားနဲ့ ဆီဘောက်ဆာကား မျက်နှာချင်းဆိုင် တိုက်မိပြီး တဦးသေဆုံးကာ တဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မန္တလေးဘက်ဦးတည်ပြီး ယာဉ်မောင်း ရဲပိုင် မောင်းနှင်လာတဲ့ လိုက်ထရပ်ကားက အရှိန်လွန်ပြီး တဘက်ယာဉ်ကြောရှိ ယာဉ်မောင်း ဦးတင်ဝင်း မောင်းနှင်လာတဲ့ ဆီဘောက်ဆာ တွဲကားကို တိုက်မိပြီး လိုက်ထရပ်ပေါ်ပါလာသူတဦး နေရာမှာသေဆုံးပြီး ရဲပိုင်က ဒဏ်ရာရရှိပြီး သတိမေ့နေခဲ့ပါတယ်။
“လိုက်ထရပ်ပေါ်ပါလာတဲ့သူကတော့ ယာဘက်ခြမ်းခေါင်းကွဲပြီး ဦးနှောက်တွေထွက်နေတယ်။ ဝဲဘက်နဖူးလည်း ချိုင့်ဝင်နေတယ်။ နာမည်တော့ မသိသေးဘူး။ အဲဒီနေရာမှာပဲ သေဆုံးတယ်။ ရဲပိုင်က ဦးခေါင်းဝဲဘက်ချိုစောင်း ပေါက်ပြဲပြီး ဗိုက်နာတယ်ပြောပြီး သတိလစ်သွားတယ်။ မန္တလေးဆေးရုံ ပို့လိုက်ရတယ်” လို့ ရဲအုပ်ကျော်နိုင်စိုးက ပြောပါတယ်။
ယာဉ်မောင်း ရဲပိုင်ကို ယာဉ်မဆင်မခြင်မောင်းလို့ မိမိနဲ့ တခြားသူ သေဆုံးစေတဲ့ ပြစ်မှုပုဒ်မ ၃၀၄(က)၊ ပြင်းထန်ဒဏ်ရာရစေတဲ့ ပြစ်မှု ပုဒ်မ-၃၃၈ တို့နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

No comments:

Powered by Blogger.