မြိတ်မြို့ နေအိမ်တလုံးတွင် စိတ်ကြွဆေးပြားများ ဖမ်းမိ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ကန်ကြီးရပ်ကွက် သဲကွင်း (၄) လမ်းရှိ နေအိမ်တစ်လုံးမှာ စိတ်ကြွ ရူးသွပ်ဆေးပြား နှစ်ထောင်နီးပါးကို ဖမ်းဆီးရမိခဲ့ပါတယ်။
မြိတ်မြို့နယ် မြို့မရဲစခန်းရုံးမှ နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ် ထွန်းထွန်းနိုင်နဲ့အဖွဲ့ဟာ သတင်းအရ သက်သေတွေနဲ့အတူ ကန်ကြီးရပ်ကွက်၊ သဲကွင်း (၄) လမ်းရှိ လူနေအိမ်တစ်လုံးမှာ ၀င်ရောက်ရှာဖွေရာ မလေးလေးမြင့်နဲ့အတူ wy စာတန်းပါ စိတ်ကြွဆေးပြား (၁၉၉၀) ပြားကို ဖမ်းဆီးရခဲ့တယ်လို့ မြိတ်မြို့မရဲစခန်းရုံး မှုခင်းမှတ်တမ်းအရ သိရပါတယ်။
မူးယစ်ဆေးဝါးများ ပူးပေါင်းပါဝင်ရောင်းချ ဖြန့်ဖြူးသူ မလေးလေးမြင့် ကို မယ(ပ)၃၇/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ က/ ၂၀ က/၂၁ အရ အမှုဖွင့် လှစ်ထားတယ်လို့ သိရပါတယ်။
No comments: