Header Ads

Breaking News
recent

အရေးပေါ်ခန်းတွင်း ဝင်ခွင့်တားမြစ်သည့် ထိုင်းဆေးရုံဝန်ထမ်းအား လူနာရှင်က ထိုးကြိတ် (ရုပ်သံ)



ထိုင်းနိုင်ငံ အစိုးရဆေးရုံတရုံမှာ အထူးကြပ်မတ်ကုသဆောင် အရေးပေါ်ခန်းတွင်း ဝင်ရောက်ခွင့် တားမြစ်ခဲ့တဲ့ ဆေးရုံဝန်ထမ်း အမျိုးသားကို လူနာရဲ့ ဆွေမျိုးတော်စပ်တဲ့ အမျိုးသားတဦးက ထိုးကြိတ်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ထရန်ခရိုင်ထဲမှ ဆေးရုံမှာ ဖြစ်ခဲ့တာဖြစ်ပြီး စီစီတီဗွီကင်မရာမှတဆင့် မှတ်တမ်းရယူထားနိုင်ခဲ့တာပါ။
ခုလိုတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အရေးယူမှု တစုံတရာ မရှိခဲ့တဲ့အတွက် အသက် ၂၉ နှစ်အရွယ် ဝန်ထမ်းအမျိုးသား သော့တ်ဆဖွန် ချန်နူဝမ်က စီစီတီဗွီမှတ်တမ်းနဲ့ မီဒီယာတွေကို အကူအညီ တောင်းခံခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ တားမြစ်တဲ့ဝန်ထမ်းကို လူနာရဲ့ ဆွေမျိုးတော်စပ်သူ လူငယ်အမျိုးသားက ဦးခေါင်းကို ၂ ကြိမ် ထိုးကြိတ်ခဲ့တာကို တွေ့ရပါတယ်။
အဲဒီလူနာဟာ ပုဂ္ဂလိက ဆေးရုံတရုံကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အရေးပေါ်ခန်းထဲ ဆေးဝါးကုသနေချိန်မှာ ဆွေမျိုးတွေ လာရောက်ခဲ့ကြပြီး ခုလိုဖြစ်ခဲ့တာလို့ ဆိုပါတယ်။
သော့တ်ဆဖွန်ဟာ သူ့ရဲ့တာဝန်ကို သူလုပ်တာဖြစ်ပြီး ခုလိုမျိုး နောက်တကြိမ် ထပ်မံတိုက်ခိုက်ခံရမှာ စိုးတာကြောင့် အလုပ်ကိုတောင် မသွားရဲဘူးလို့ ဆိုပါတယ်။
ဆနွတ်ခ်သတင်းထောက်တဦးက ဆေးရုံတာဝန်ရှိသူတွေကို မေးမြန်းချိန်မှာတော့ သူတို့က ဆေးရုံဒါရိုက်တာ ခွင့်ပြုချက်မရလို့ မဖြေပေးနိုင်သေးကြောင်းနဲ့ ဒီကိစ္စမှာ ဘာတွေစဖြစ်ခဲ့သလဲ ဆိုတာကို အရင်ဆုံး စုံစမ်းဦးမယ်လို့ ပြောပါတယ်။
ဒေသတွင်း ရဲတွေကတော့ ခုလိုတိုက်ခိုက်ခံရမှုအတွက် အဲဒီအမျိုးသားဟာ ပြစ်ဒဏ်ကျခံရမယ်လို့ ဆိုပါတယ်။

No comments:

Powered by Blogger.