Header Ads

Breaking News
recent

အပေါ်ပိုင်းရင်သားဖော်ရိုက်ခဲ့သည့် အငြင်းပွားဖွယ် မဂ္ဂဇင်းဓာတ်ပုံကိစ္စ အမ်မာဝက်တ်ဆန် ဖြေရှင်း



ဗန်နတီဖဲမဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဟောလိဝုဒ် နာမည်ကျော်မင်းသမီး အမ်မာဝက်တ်ဆန်က ခန္ဓာကိုယ်အပေါ်ဘက်ရဲ့ အတွင်းပိုင်း ရင်သားတွေဖော်ပြီး ဓာတ်ပုံအရိုက်ခံခဲ့တဲ့အတွက် ပြစ်တင်ဝေဖန်ခံနေရပါတယ်။
အသက် ၂၆ နှစ်အရွယ် မင်းသမီးဟာ စကပ်နဲ့တွဲဖက်ကာ အပေါ်ပိုင်းမှာတော့ ရင်ဘတ်မှာ ဖွင့်ထားတဲ့ လည်ကပ်နဲ့ ဇာခြုံထည်ဝတ်စုံနဲ့အတူ ဓာတ်ပုံရိုက်ခံခဲ့တာဖြစ်ပြီး ဒါကို အမျိုးသားများနဲ့ တန်းတူအခွင့်ရေးရလိုတဲ့ အမျိုးသမီးဝါဒ ထောက်ခံသူတချို့က ပြစ်တင်ဝေဖန်နေကြတာပါ။
မင်းသမီးကတော့ ဒီအငြင်းပွားမှုဟာ တကယ့်ကို “ခေါင်းရှုပ်စေတယ်” လို့ ပြောလိုက်တာပါ။
အမ်မာဝက်တ်ဆန်ဟာ အမျိုးသားများနဲ့ တန်းတူအခွင့်အရေးရလိုတဲ့ အမျိုးသမီးဝါဒကို ဂုဏ်ယူထောက်ခံသူတဦးဖြစ်တယ်လို့ သည်ဆန်းမဂ္ဂဇင်းက ဆိုပါတယ်။
“အမျိုးသား အမျိုးသမီး တန်းတူအခွင့်အရေးဝါဒက အမျိုးသမီးတွေကို ရွေးချယ်ခွင့်ပေးထားတယ်။ ဒါက တသမတ်တည်း စွဲကိုင်ထားတဲ့အရာတော့ မဟုတ်ပါဘူး။ တခြားအမျိုးသမီးတွေနဲ့ အတူတကွ ရှိစေတာမျိုးပါ။ အဲ့ဒါက လွတ်လပ်ခွင့်ပဲ၊ လွတ်မြောက်ခြင်းပဲလေ။ ပြီးတော့ အဲ့ဒါက အရည်အသွေးလည်း ဖြစ်တယ်။ ဒီလိုစွပ်စွဲမှုတွေက ကျမကို စိတ်ရှုပ်ထွေးစေတယ်။ ကျမက ဒီဝါဒကို အမြဲတမ်း တိတ်တဆိတ်ပဲ ထောက်ခံရပ်တည်ခဲ့တာပါ။ လူတွေက ကျမကို အမျိုးသား အမျိုးသမီး တန်းတူအခွင့်အရေးရလိုတဲ့ ဝါဒကို ထောက်ခံသူတဦး ဟုတ်ရဲ့လား ဆိုတာမျိုး ပြောနေကြတယ်” လို့ မင်းသမီးက ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ဖြေခဲ့ပါတယ်။
အမ်မာဝက်တ်ဆန်ဟာ ၂၀၀၁ ခုနှစ်မှစတင်ပြီး ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ နာမည်ကြီးလာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့ကာ သူ့ရဲ့ Beauty and the Beast ဇာတ်ကားဟာလည်း နာမည်ကျော်ခဲ့ပါတယ်။

No comments:

Powered by Blogger.