အ၀လွန်သူများ ကျောက်ကပ်ရောဂါဖြစ်ပွားနိုင်
အ၀လွန်ခြင်းကို ပြင်းထန်သော ကျန်းမာရေးပြဿနာတစ်ခုဟု မှတ်ယူလေ့မရှိသော်လည်း ယင်းမှာ အ၀လွန်သူများ ကြုံတွေ့နေရ သည့် လူနေမှုဘ၀ပုံစံဆိုင်ရာ ရောဂါများနှင့် ကျန်းမာရေး ရှုပ်ထွေးမှု များဖြစ်ရသည့် အဓိကအကြောင်းရင်းဖြစ်သည်။
ယနေ့ခေတ် ကြုံတွေ့နေရသော လူနေမှုဘ၀ပုံစံဆိုင်ရာရောဂါ များသည် အ၀လွန်ခြင်းကြောင့်ဖြစ်နိုင်သည်။ ယင်းရောဂါများ တွင် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးနှင့် ကိုလက်စထရောမြင့် မားခြင်း၊ အိပ်မရဖြစ်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ သည်းခြေအိတ် ရောဂါ၊ အဆစ်အမြစ်များ နာကျင်သောရောဂါ၊ ကင်ဆာရောဂါအ မျိုးမျိုး၊ စိတ်ပိုင်းဆိုင်ရာပြဿနာတို့ ပါဝင်သည်။ အဆိုးဆုံးမှာ အ၀ လွန်ခြင်းကြောင့် ကျောက်ကပ်များကို တိုက်ရိုက် (သို့မဟုတ်) သွယ် ၀ိုက်၍ ထိခိုက်ပျက်စီးစေနိုင်သည်။
ကျောက်ကပ်များ ကျန်းမာနေစေရန် ကျန်းမာရေးနှင့်ညီသော လူနေမှုဘ၀ပုံစံများရှိရန်လိုသည်။ ကျောက်ကပ်မကောင်းသော လူနာ ၅၀ ရာခိုင်နှုန်းသည် ဆီးချိုရောဂါသည်များဖြစ်ကြောင်း ဆရာ ၀န်များက ပြောသည်။ ကျောက်ကပ်ရောဂါသည် ၃၀ မှ ၄၀ ရာခိုင် နှုန်းအထိသည် ဆီးချိုရောဂါမရှိလျှင် အ၀လွန်သူများနှင့် ကိုယ်အ လေးချိန်ပိုများသူများဖြစ်နေသည်ဟု ဆရာဝန်များက ပြောသည်။
၂၀၂၅ တွင် ကမ္ဘာတစ်ဝန်း အမျိုးသား ၁၈ ရာခိုင်နှုန်းနှင့် အမျိုး သမီး ၂၁ ရာခိုင်နှုန်း အ၀လွန်ဖြစ်လာနိုင်ကြောင်း နိုင်ငံတကာ ကျောက်ကပ်ရောဂါကုသရေးအဖွဲ့ချုပ်က ခန့်မှန်းထားသည်။
မြို့ပြနေလူထုသည် အ၀လွန်ဖြစ်လာနိုင်ခြေပိုများပြီး ကိုယ် လက်လှုပ်ရှားမှုနည်းသော လူနေမှုဘ၀ပုံစံများကြောင့် ကျောက် ကပ်ရောဂါများ ဖြစ်ပွားနိုင်ခြေပိုများသည်။
ခန္ဓာကိုယ်မှ စွန့်ပစ်ပစ္စည်းများကို စွန့်ထုတ်ရာတွင် ကျောက် ကပ်နှစ်လုံးက သွေးကို စစ်ထုတ်ပြီး ဆီးကိုထုတ်ပေးသည်။ ကျောက် ကပ်များသည် ခန္ဓာကိုယ်ထဲရှိ အရည်ဓာတ်ကို ထိန်းညှိပေးပြီး အက် စစ်ဓာတ်ကို ဟန်ချက်ညီစေသည်။
ကိုယ်လက်လှုပ်ရှားမှုနည်းပါးသော နေထိုင်မှုဘ၀ပုံစံ၊ စမတ် ဖုန်းများ ကြာရှည်စွာ သုံးခြင်း၊ အသင့်ပြင် အစားအစာများစားသုံး သော အလေ့အထများခြင်းကြောင့် အ၀လွန်ခြင်းသည် ကမ္ဘာ့လုံး ဆိုင်ရာ ပြဿနာတစ်ခုဖြစ်လာသည်။ ခန္ဓာကိုယ်ညွှန်းကိန်း BMI ၃၀ ကျော်ရှိသူကို အ၀လွန်သူဟု သတ်မှတ်သည်။ သို့သော် အာရှတိုက်သားများအနေဖြင့် BMI ၂၅ အထက်ရှိသူကို အ၀လွန်ဟု သတ်မှတ်ထားသည်။ ကိုယ်အလေးချိန် ပိုများလာလေ ကျောက်ကပ် ရောဂါ ဖြစ်ပွားနိုင်လေဖြစ်သည်။
No comments: