Header Ads

Breaking News
recent

ဒေါ်လာ ၂ သောင်းယူပြီး အမျိုးသမီးတဦးအား သတ်ခဲ့သူကို ဆေးထိုးအဆုံးစီရင်



ဒေါ်လာ ၂ သောင်း အခကြေးငွေယူပြီး အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့တာကြောင့် သေဒဏ်အပေးခံထားရတဲ့ အမျိုးသားတဦးကို မတ် ၇ ရက်နေ့က အမေရိကန်နိုင်ငံ တက္ကဆက် အကျဉ်းထောင်မှာ  ဆေးထိုးပြီး အဆုံးစီရင်ခဲ့ပါတယ်။
သူ့အမည်က ရိုလန် ရုဇ် ဖြစ်ပြီး အခုသေဒဏ်စီရင်ခံရချိန်မှာ အသက် ၄၄ နှစ် ရှိပါပြီ။ ဒါပေမယ့် သူဟာ လူသတ်မှုကို  လွန်ခဲ့တဲ့ ၂၅ နှစ် သူ့အသက် ၂၀ အရွယ်မှာ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
ရိုလန် ရုဇ် ဟာ ၁၉၉၂ ခုနှစ်က အသက် ၂၉ နှစ်အရွယ် ထရယ်ဆာ ရိုဒရီဂု့ဇ် ဆိုသူ အမျိုးသမီးအား သေနတ်နဲ့ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
ထရယ်ဆာက အသက်အာမခံကြေး ဒေါ်လာ ၄ သိန်း ရယူဖို့ ကြိုးစားတာကြောင့် ထရယ်ဆာရဲ့ ခင်ပွန်းနဲ့ ညီဖြစ်သူက ရိုလန်ကို ဒေါ်လာ ၂ သောင်းပေးပြီး သတ်ခိုင်းခဲ့တာဖြစ်ပါတယ်။ ဒီ့အတွက် တက္ကဆက်ပြည်နယ်တရားရုံးက ငွေပေးခိုင်းစေခဲ့သူ နှစ်ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းစီ ချမှတ်ခဲ့ပြီး ကိုယ်ထိလက်ရောက် လူသတ်မှု ကျူးလွန်သူ ရိုလန်ကို သေဒဏ်အမိန့်ပေးခဲ့ပါတယ်။
မတ် ၇ ရက် နောက်ဆုံးသေဒဏ်မစီရင်ခင်မှာ ရိုလန်က သူသတ်ခဲ့တဲ့ ထရယ်ဆာရဲ့ မိသားစုကို တောင်းပန်ခဲ့ကြောင်း ဒီကနေ့ရရှိတဲ့ ရိုက်တာသတင်းတပုဒ်မှာ ရေးသားထားပါတယ်။

No comments:

Powered by Blogger.