Header Ads

Breaking News
recent

၇ ကြိမ်မြောက် ဂျပန်ဖလားကရာတေးဒို ချန်ပီယံရှစ်ပြိုင်ပွဲ ကျင်းပပြီးစီး





၇ ကြိမ်မြောက် ဂျပန်ဖလားကရာတေးဒို ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲနဲ့ ဆုပေးပွဲတွေကို ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ ၁ မှာ ကျင်းပခဲ့ပါတယ်။
သက်ဆိုင်ရာ ဝိတ်တန်းအလိုက် ပြိုင်ပွဲတွေနဲ့အတူ ဗိုလ်လုပွဲတွေကို ဆက်လက်ကျင်းခဲ့တာပါ။ ဒီနေ့ပြိုင်ပွဲတွေမှာ ပဏာမလက်ရွေးစင်တွေ အများစု နောက်ဆုံးအဆင့်တွေကို ရောက်ရှိခဲ့ပြီးတော့ ကြည့်ကောင်းတဲ့ပြိုင်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
ဒီပြိုင်ပွဲကနေ လာမယ့် မလေးရှားဆီးဂိမ်းနဲ့ အခြားပြိုင်ပွဲတွေအတွက် အလားအလာကောင်းတဲ့ ကရာတေးကစားသမားတွေ ပေါ်ထွက်လာခဲ့ပြီးတော့ ကြည့်ရှုတဲ့ပရိသတ်တွေကိုလည်း ရသအပြည့်ပေးနိုင်ခဲ့ပါတယ်။
ဒီ ဂျပန်ဖလားပြိုင်ပွဲမှာ အသက် ၁၂ နှစ်အောက်၊ ၁၄ နှစ်အောက်၊ ကဒက်၊ ဂျူနီယာ၊ စီနီယာ ကစားသမား စုစုပေါင်း ၁၉၅ ယောက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။
ကရာတေးဒိုအားကစားအဖွဲ့ချုပ်ဟာ လာမယ့်ဆီးဂိမ်းမှာ ရွှေတံဆိပ်နဲ့ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ရေးအတွက် ငွေကြေး အမြောက်အမြားသုံးစွဲထားသလို ဂျပန်အစိုးရအကူအညီနဲ့ ကစားသမားတွေကို ပေါင်းကူးပြိုင်ပွဲတွေ ပြုလုပ်နိုင်ဖို့ကြိုးစားနေပါတယ်။
လာမယ့်အနာဂတ်မှာလည်း ကရာတေးဒိုအားကစားနည်းကို နိုင်ငံအတွင်း ပြန့်ပွားရေး၊ ကစားသမားကောင်းတွေ ပေါ်ထွက်လာရေးတို့အတွက် ရေရှည်စီမံကိန်းတွေနဲ့ ပြင်ဆင်နေပါတယ်။

No comments:

Powered by Blogger.