မျက်နှာပေါ်က အမွှေးလေးတွေ ဖယ်ရှားနည်း
ဖုန်မှုန့်နဲ့ အခြားလေနဲ့အတူ ပါလာတတ်တဲ့ အမှုန်အမွှားတွေက မျက်နှာပေါ်မှာ ရှိတဲ့ အမွေးနုနုလေးတွေမှာ ကပ်ညှိနေတတ်တာမို့ ဝက်ခြံပိုပေါက်တတ်ပါတယ်။ တစ်ချို့ အမျိုးသမီးတွေရဲံ နှုတ်ခမ်းအပေါ်နေရာနဲ့ ပါးပြင်ပေါ်မှာ အမွေးနုနု ခပ်ရေးရေး ရှိနေတတ်ပါတယ်။ ဒီအမွေးနုနုလေးတွေက မျက်စိနဲ့သေချာမမြင်ရပေမယ့် အမွေးအမျှင်တို့ရဲ့ ထုံးစံအတိုင်းအညိုရောင်သန်းနေတတ်ပါတယ်။ အမွေးတွေကို ဖယ်ရှားလိုက်တဲ့အခါမှာတော့ မျက်နှာလေးက ပိုပြီး ကြည်လင်ဝင်းပသွားပါတယ်။

မျက်နှာအမွေးကို လေဆာနဲ့ဖယ်ရှားကြတယ်၊ အလှပြုပြင်ရေးစင်တာတွေမှာ သွားပြီး ဖယ်ကြ၊ ရိတ်ကြ၊ နှုတ်ကြတယ်။ ခန္ဓာကိုယ်ပေါ် အစိတ်အပိုင်းတွေကို ဒီလို နည်းတွေနဲ့ အမွေးချွတ်တာကို ဘာမှမပြောလိုပေမယ့် မျက်နှာအသားအရေကတော့ နုဖတ်လွန်းပါတယ်။ ဒီလို ဆေးတွေနဲ့ ဖယ်ရှားတာ မျက်နှာမှာ ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိလာနိုင်ပါတယ်။
အိမ်မှာရှိတဲ့ အစားအစာတွေကို အသုံးပြုပြီး မျက်နှာမှာ ပေါက်တဲ့ အမွေးတွေကို ဖယ်ရှားလို့ ရပါတယ်။ ၁၅မိနစ်လောက်ပဲကြာမှာဖြစ်ပြီး အင်မတန်လွယ်ကူတဲ့နည်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းလေးဟာ သတ္တုဓာတ်နဲ့ ဗီတာမင်တွေ ပါဝင်တဲ့ အတွက် မျက်နှာအရေပြားကို ထိခိုက်စေမှာ မဟုတ်ပါဘူး။
လိုအပ်တဲ့ ပစ္စည်းများ
ပျားရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်း
အုတ်ဂျုံမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
သံပုရာသီး အရည်ညှစ်ပြီးသား လက်ဖက်ရည်ဇွန်း (၂) ဇွန်း
ပြုလုပ်ပုံ
အားလုံးကို ရောမွှေပြီး အမွေးဖယ်ရှားချင်တဲ့ နေရာမှာ (၁၅) မိနစ်ခန့် အုံပေးထားပါ။ အချိန်ပြည့်ရင် ရေခပ်နွေးနွေးနဲ့ မျက်နှာသစ်ပေးပါ။ ပြီးရင် အစိုဓာတ်ပါတဲ့ ခရင်မ် နည်းနည်းလေးလိမ်းပေးပါ။ တစ်ပတ်မှာ (၃) ကြိမ်လုပ်ပေးရင် (၁) လအတွင်း သိသာလာပါလိမ့်မယ်။
မျက်နှာနဲ့ ခန္ဓာကိုယ်မှ မလိုချင်တဲ့ အမွေးအမျှင်တွေ အပြီးပိုင် ရှင်းလင်းလိုပါက ဒီနည်းကို စမ်းသုံးကြည့်ပါ။
လိုအပ်တဲ့ ပစ္စည်းများ
နနွင်း ထမင်းစားဇွန်း (၁) ဇွန်း
ကုလားပဲအမှုန့် ထမင်းစားဇွန်း (၂) ဇွန်း
ဒိန်ချဉ် သို့မဟုတ် နို့ အနည်းငယ်
ပြုလုပ်ပုံ
အားလုံးကို ရောမွှေပြီး အမွေးဖယ်ရှားချင်တဲ့ နေရာမှာ (၂၀) မိနစ်ခန့် အုံပေးထားပါ။ နောက်ပြီး ဂွမ်းဖတ်သန့်သန့်လေး (သို့မဟုတ်) ရေနွေးထဲ ကြိုစိမ်ထားတဲ့ ဘရှပ်ရှ်ခ်ျ (Brush) နဲ့ ပွတ်တိုက်ပြီးနောက် ရေဆေးပေးပါ။ ဒီကုသနည်းအတိုင်း တစ်ပတ် (၃) ကြိမ် တစ်လလောက် လုပ်ပေးသင့်ပါတယ်။ အမွေးအမျှင်တွေ လျော့နည်းလာပြီး နောက်ဆုံး အပြီးပျောက်ကွယ်သွားပါလိမ့်မယ်။
No comments: